လှိုင်သာယာမြို့နယ် အနောက်ပိုင်း သောင်ကြီးရဲစခန်းကို Area 21 မဟာမိတ်တပ်ဖွဲ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်


(မတ်လ ၁၈ ရက်)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း သောင်ကြီးရဲစခန်းတွင် ဒီကနေ့ နံနက် အစောပိုင်းက ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

"မနက်အစောကြီးအသံကြားရတာ လူခြေတိတ်ချိန်ဆိုတော့ ပေါက်ကွဲသံက အကျယ်ကြီးပဲ (၂)ချက်ဆက်တိုက်ကြားတယ် နေရာကတော့ ရဲစခန်းဘက်လောက်က ကြားရတာလို့" မြို့နေပြည်သူများကဆိုပါသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်၍ Area 21 မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ CGF-YGN နဲ့ Y.F.A တို့က ဒီကနေ့နံနက် (၅:၄၅)မိနစ်အချိန်တွင် သောင်ကြီးမြို့မရဲစခန်းအား M79 ဗုံးပစ်လောင်ချာဖြင့် 40MM ဗုံးသီး (၂)လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုပ်သံနဲ့တကွ ထုတ်ပြန်ထားပြီး အဆိုပါတိုက်ခိုက်မှု သည် "ပျံလွှားအောင်စစ်ဆင်ရေး" တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

ပစ်ခတ်ခံရမှုနဲ့ပတ်သက်၍ ထိခိုက်အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


HTY Information

လှိုင်သာယာမြို့နယ် အနောက်ပိုင်း သောင်ကြီးရဲစခန်းကို Area 21 မဟာမိတ်တပ်ဖွဲ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် လှိုင်သာယာမြို့နယ် အနောက်ပိုင်း သောင်ကြီးရဲစခန်းကို Area 21 မဟာမိတ်တပ်ဖွဲ့က ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် Reviewed by THITHTOOLWIN on 18:51 Rating: 5

No comments:

Powered by Blogger.