ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ

သျှမ်းတောင်ပိုင်း ရွာငံမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ညနေပိုင်းတွင် စစ်ကောင်စီထုတ်ကုန်ဖြစ်သော မြန်မာဘီယာများ တင်ဆောင်လာသည့် ကားတစ်စီး မီးရှို့ဖျက်ဆီးခံရကြောင်း သိရသည်။

မြန်မာဘီယာအပါအဝင် အကြမ်းဖက်စစ်တပ်ထုတ်ကုန်များကို ရောင်းဝယ်ခြင်းချက်ချင်းရပ်တန့်ရန်နှင့် ဆက်လက်ရောင်းချနေသည့် ဆိုင်များကို ဖက်စစ်ထောက်တိုင်များအဖြစ်သတ်မှတ်ကာ ရှင်းလင်းသွားမည်ဟု Yangon Urban Guerrillas - YUG က‌ ယနေ့(ဖေဖော်ဝါရီ ၂၄) ကြေညာချက်ထုတ်ပြန်သည်။

စစ်တပ်ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာကို သပိတ်မှောက်ရန် ‌တော်လှန်ရေးအဖွဲ့များက သတိပေးနေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ရောင်းချနေသည့်ဆိုင်များရှိနေသောကြောင့် ရန်ကုန်ရှိ မြို့နယ် ၉ ခုမှ စားသောက်ဆိုင်နှင့်ကုန်စုံဆိုင် ၁၅ဆိုင်ကို YUG အနေဖြင့် သတိပေးဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာရှင်စနစ် ချေမှုန်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်ထောက်တိုင်များနှင့် သွေးစွန်းငွေများ ဖြတ်တောက်ရမည်ဖြစ်ပြီး စစ်တပ်ထုတ်ကုန်များကို ဝယ်ယူအားပေးခြင်းသည် ဖက်ဆစ်လုပ်ရပ်များကို ငွေပေးနေခြင်းဖြစ်သည့်အတွက် ထိုသို့ သုံးစွဲဝယ်ယူသူများကို လူ့အခွင့်အရေးချိုးဖောက်သူများ၊ ဖက်ဆစ်အားပေးများအဖြစ် မှတ်ယူမည်ဟု YUG က‌ ထုတ်ပြန်သည်။

ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များကို ဆိုင်များ၌ လုံဝမရောင်းရန် သတိပေးခြင်းဖြစ်သည်။

ယင်းသတိပေးချက်ကို လိုက်နာခြင်းမရှိသည့်ဆိုင်များကို အကြမ်းဖက်စစ်တပ်၏ ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟု YUGကသတိပေးထားသည်။

People's Spring 

ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ ရန်ကုန်တွင် မြန်မာဘီယာနှင့် စစ်တပ်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ရောင်းချသည့်ဆိုင်များကို အရေးယူတော့မည်ဟု YUG ကြေညာ Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.