စစ်ကောင်စီလက်ချက်နဲ့ ဗိုလ်ကျန်ရစ် သေဆုံးတဲ့သတင်း မမှန်ဟု YPDF ထုတ်ပြန်


ရေး ၊ ဖေဖော်ဝါရီ ၁၁

ရေးမြို့နယ်က စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က ဗိုလ်ကျန်ရစ် သေဆုံးတယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်ရဲ့ အောက်ဆုံးညာဘက်မှာ ဗိုလ်ကျန်ရစ် လက်မှတ်ရေးထိုးထားပြီး ဗိုလ်ကျန်ရစ် (စဆရ) နာမည်နဲ့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လို့ ‌ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ မာန်အောင်ကျေးရွာထိပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နဲ့ အခင်းဖြစ်ပွားချိန်မှာ YGF တပ်ဖွဲ့ဝင် စောဒိုးခမ်းကျဆုံးပြီး မောင်နိုးနိုး အခမ်းခံခဲ့ရတယ်လို့  YPDF က ဆိုပါတယ်။

နောက်တစ်နေ့ (ဖေဖော်ဝါရီ ၄ ရက်) မနက် ၅ နာရီခန့်မှာ ရေးပြောက်ကျားတပ်ဖွဲ့ YGF ရဲ့ Facebook Page Admin ဖြစ်သူ နေအိမ်မှာ အဖမ်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ စစ်ကောင်စီလက်ချက်ကြောင့် ရဲဘော် ဗိုလ်ကျန်ရစ်(ခ) စောဒိုးခမ်း ကျဆုံးတယ်လို့ YGF က ကြေညာထားတာ ဖြစ်တယ်လို့ YPDF က ဆိုပါတယ်။

ဒါ့အပြင် YPDFရဲ့ ထုတ်ပြန်ချက်ထဲမှာ စောဒိုးခမ်းဟာ ဗိုလ်ကျန်ရစ်မဟုတ်သလို စစ်ဆင်ရေးမှူး ဗိုလ်ကျန်ရစ်ကလည်း ကျဆုံးခြင်းမရှိဘဲ ဘေးအန္တရာယ်ကင်းပြီး အာဏာရှင်စစ်အုပ်စုတွေကို ခြေမှုန်းဖို့ ကျန်းမာစွာ ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


သတင်း - သံလွင်တိုင်းမ်


စစ်ကောင်စီလက်ချက်နဲ့ ဗိုလ်ကျန်ရစ် သေဆုံးတဲ့သတင်း မမှန်ဟု YPDF ထုတ်ပြန် စစ်ကောင်စီလက်ချက်နဲ့  ဗိုလ်ကျန်ရစ် သေဆုံးတဲ့သတင်း မမှန်ဟု YPDF ထုတ်ပြန် Reviewed by THITHTOOLWIN on 23:29 Rating: 5

No comments:

Powered by Blogger.