ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၂၂ ခုနှစ်။
အာဏာသိမ်း ကာလ၌ အကြမ်းဖက် စစ်ကောင်စီကို အာဏာဖီဆန်၍ CDM ပြုလုပ်နေသည့် အထက်တန်းပြဆရာမတစ်ဦးက ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDFအတွက် ရွှေဆွဲကြိုးတစ်ကုံး လှူဒါန်း ထောက်ပံ့ပေးခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၈ရက်တွင် YDF တပ်ဖွဲ့ဝင်တစ်ဦးကဖော်ပြထားသည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် YDF( Saw & Kyaukhtu) အတွက် လိုအပ်သည်များ အသုံးပြုနိုင်ရန် CDM ဆရာမက ရွှေဆွဲကြိုး လှူဒါန်းခဲ့ခြင်းဖြစ်သည်။
"ဆွဲကြိုး ရောင်းရငွေမှာ (၈၂၅,၀၀၀) ကျပ် ဖြစ်ပါတယ် ။စစ်အာဏာရှင်အမြစ်ပြတ်သည် အထိ တော်လှန်တိုက်ပွဲဝင်သွားပါမယ်လို့ ကတိသစ္စာပြုပါတယ်"ဟု လှူဒါန်း ထောက်ပံ့မှု ရရှိခြင်း နှင့် ပတ်သက်၍ YDF တပ်ဖွဲ့ဝင်က ဖော်ပြထားသည်။
ယောဒေသတွင် ယခုဖေဖော်ဝါရီလအတွင်း၌ စစ်ရေးတင်းမာနေပြီးတိုက်ပွဲများလည်း မကြာခဏဖြစ်ပွားလျက်ရှိနေရာ ပြည်သူများ၏လှူဒါန်းထောက်ပံ့မှုများလိုအပ်နေသည်ဟု သိရသည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment