စစ်ကောင်စီကျင်းပသည့် သီချင်းဆိုပြိုင်ပွဲကို ဝန်ထမ်းများ မဖြစ်မနေ Vote လုပ်ရန်နှင့် Vote လုပ်ထားသည်ကို Screenshot ရိုက်ကာ မှတ်တမ်းပြုစုတင်ပြရန် ညွှန်ကြား


မဲခေါင်၊ ဖေဖော်ဝါရီ ၆

စစ်ကောင်စီကျင်းပပြုလုပ်သည့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” အမည်ရ သီချင်းဆိုပြိုင်ပွဲကို စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ မဖြစ်မနေ Vote လုပ်ရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ဖေဖော်ဝါရီလ ၆ရက်က ဝန်ထမ်းများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသည့် Non-CDM ဝန်ထမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်သူများကို မဲပေး(Vote) ရမည်ဖြစ်ပြီး MPTနှင့် MyTel  ဆင်းကတ်များအသုံးပြုကာ မဲပေးရန် ညွှန်ကြားထားကြောင်း ပတ်ဝန်ကျင်ထိန်သိမ်းရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မန္တလေးကဝန်ထမ်းဆို မန္တလေးမှာ ဝင်ပြိုင်တဲ့လူကို Vote ရမယ်။ နာမည်နဲ့တကွ ဘယ်သူ့ကို Vote ပါတယ်ပေါ့။ ပြီးရင် Vote ထားတာကို Screenshot ရိုက်ပြီး Report တင်ရမယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်ထက်တွင် ပြုလုပ်သည့် အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သူများကို ပြည်သူအများက ဝေဖန်လျှက်ရှိပြီး အားပေးသူ လွန်စွာနည်းပါးသည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။


MeKong News - မဲခေါင်သတင်း

စစ်ကောင်စီကျင်းပသည့် သီချင်းဆိုပြိုင်ပွဲကို ဝန်ထမ်းများ မဖြစ်မနေ Vote လုပ်ရန်နှင့် Vote လုပ်ထားသည်ကို Screenshot ရိုက်ကာ မှတ်တမ်းပြုစုတင်ပြရန် ညွှန်ကြား စစ်ကောင်စီကျင်းပသည့် သီချင်းဆိုပြိုင်ပွဲကို ဝန်ထမ်းများ မဖြစ်မနေ Vote လုပ်ရန်နှင့် Vote လုပ်ထားသည်ကို Screenshot ရိုက်ကာ မှတ်တမ်းပြုစုတင်ပြရန် ညွှန်ကြား Reviewed by THITHTOOLWIN on 21:51 Rating: 5

No comments:

Powered by Blogger.