ညောင်ကိုင်းကျေးရွာတပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်ဟု ရွှေဘို Snake Eyes- PDF ထုတ်ပြန်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်အား ဒရုန်းအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Snake Eyes- PDF (Shwebo)က ယနေ့(ဖေဖော်ဝါရီ ၁)ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁ နာရီခန့်က ရွှေဘိုမြို့နယ် ညောင်ကိုင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဒရုန်းအသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးနေရာတင်သေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ထုတ်ကြန်ချက်တွင် ဖော်ပြသည်။

"နိုင်ငံတဝှမ်းမှပြည်သူများ၏ တိတ်ဆိတ်ခြင်းသပိတ်အောင်မြင်ခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် ကျွန်ုပ်တို့အဖွဲ့မှလည်း မိမိတို့၏တိုက်ခိုက်ရေးတာဝန်ကို ကျေပွန်စေခဲ့ပါသည်"ဟု  Snake Eyes- PDF (Shwebo)က အသိပေးသည်။

ညောင်ကိုင်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီများသည်အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် ရွာစိုး၊ ပေါက်ချိုင်၊ ဆင်အင်း၊ ရုံးတော အစရှိသည့်ရွာများအား မီးရှို့ဖျက်ဆီး ဒုက္ခပေးနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက လက်နက်ကြီးနှစ်ချက်အ ပါအဝင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သေးသော်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို   Snake Eyes- PDF (Shwebo) ၊ The Guys Of Burma Revolution Force(GBRF)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။



People's Spring 

ညောင်ကိုင်းကျေးရွာတပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သား နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်ဟု ရွှေဘို Snake Eyes- PDF ထုတ်ပြန် ညောင်ကိုင်းကျေးရွာတပ်စွဲထားသည့် စစ်ကောင်စီတပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ  စစ်ကောင်စီတပ်သား နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာပြင်းထန်ဟု ရွှေဘို Snake Eyes- PDF ထုတ်ပြန် Reviewed by THITHTOOLWIN on 22:05 Rating: 5

No comments:

Powered by Blogger.