ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာက ပျုစောထီး မျိုးဝင်း သား အဖ ၂ ဦးကို SJFအဖွဲ့ရှင်းလင်း၊ လေးစုရွာအုပ်ကြီးနှင့် သားဖြစ်သူပျူစောထီးလည်း အသတ်ခံရ
ဓာတ်ပုံ- ပျုစောထီးမျိုးဝင်းသားအဖ(SJF) |
ဖေဖော်ဝါရီ ၆ ရက်
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာစစ်ကောင်စီ၏လက်ပါးစေ ပျူစောထီးအဖွဲ့ဝင် ဦးမျိုးဝင်း သားအဖအား ဒီကနေ့နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က၄င်းတို့နေထိုင်ရာနေအိမ်အတွင်းကို ဝင်ရောက်ပြီး ရှင်း လင်းလိုက်တယ်လို့ Shwebo Justice Force (SJF) အဖွဲ့ကထုတ်ပြန်ပါတယ်။
'' စစ်ကောင်စီကို သတင်းပေးလုပ်နေတာရော။ပျူစောထီးသင်တန်းဆင်းပြီးသားအဖွဲ့ဝင်တွေပေါ့။ သူတို့အိမ်ထဲအထိကျနော်တို့ဝင်ပြီးသားအဖ ၂ ယောက်လုံးကို ရှင်းလိုက်တာဖြစ်တယ်။ ကျနော်တို့အဖွဲ့တွေ အားလုံးဘေးကင်းပါတယ်။'' ဟု Shwebo Justice Force အဖွဲ့တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒီလုပ်ဆောင်ချက်ကိုတော့ Shwebo Justice Force(SJF) နဲ့ မဟာမိတ် BLACK TIGER -SHWE BO အဖွဲ့တို့က ပူး ပေါင်းလုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။
ဒါ့အပြင် ယမန်နေ့ဖေဖော်ဝါရီ ၅ ရက်နေ့လည်ပိုင်းကလည်း ရွှေဘိုမြို့နယ်၊ လေးစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဝင်းနဲ့ ၄င်းရဲ့သား ပျူစောထီးအဖွဲ့ဝင်တို့ ၂ ဦးလည်းပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
'' လေးစုရွာအုပ်ကြီးနဲ့သူ့သားလည်း မနေ့က အသတ်ခံရတယ်။ သူ့သားလည်းပျူစောထီးအဖွဲ့ဝင်ဘဲ။ ဒါကိုတော့ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ မသိဘူး'' လို့ SJFအဖွဲ့ဝင်က ဆိုပါတယ်။
ရွှေဘိုမြို့နယ်ထဲက စစ်ကောင်စီထောက်တိုင်နဲ့ စစ်ကောင် စီကိုထောက်ပံ့ပေးနေတဲ့ လုပ်ငန်းတွေကိုလည်း တိုက် ခိုက်တာတွေလုပ်ဆောင်မယ်လို့ SJF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment