စစ်ကောင်စီလက်အောက်ခံဌာန များမှ ဝန်ထမ်းများ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထား၍ အချိန်မီထွက်ခွာကြရန်နှင့် မထွက်ခွာပါက တိုက်ခိုက်မည်ဟု Silent Killer အဖွဲ့ သတိပေး


စစ်ကောင်စီလက်အောက်ခံဌာန များမှ ဝန်ထမ်းများ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထား၍ အချိန်မီထွက်ခွာကြရန်နှင့် မထွက်ခွာပါက တိုက်ခိုက်မည်ဟု Silent Killer နယ်စည်းမခြား တိုက်ခိုက်ခြေမှုန်းရေး မဟာမိတ်တပ်ပေါင်းစုက ယနေ့ ဖေဖော်ဝါရီလ ၂ရက်တွင် ကြေညာချက်ထုတ်ပြန်၍ သတိပေးလိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်၌ "သင်တို့သည် သင်တို့အား လစာရိက္ခာထောက်ပံ့ပေးအပ်ထားသော နိုင်ငံတော်နှင့် ပြည်သူလူထုအား အလုပ်အကြွေးပြုရမည့်အစား နိုင်ငံတော်နှင့် ပြည်သူလူထုအား အနိုင်ကျင့်စော်ကားသော အာဏာသိမ်းစစ်ကောင်စီကို အမှန် အမှား မခွဲခြားဘဲ မိမိကိုယ်ကျိုးကိုသာ ကြည့်ပြီးအလုပ်ကျွေးပြုနေသည်ကို ကျွန်ုတို့မဟာမိတ်အဖွဲ့များနှင့် မြန်မာနိုင်ငံသားအားလုံးမြင်တွေ့ခဲ့ရပြီးဖြစ်သည်။ 

ထို့အပြင် သင်တို့သည် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုအား အတင်းအကျပ် တွန်းအားပေး ဖိနှိပ်ခြင်း၊ စစ်ကောင်စီ၏ ဒေါက်တိုင်များအဖြစ် စွမ်းစွမ်းတမံအလုပ်အကြွေးပြုနေခြင်းများကိုလည်း ကျွန်ုပ်တို့ တွေ့ရှိခဲ့ ပြီးဖြစ်သည်။ 

ထို့ကြောင့် သင်တို့အား ကျွန်ုပ်တို့၏ သနားညှာတာနေခြင်းများကို ရုပ်သိမ်းကာ စစ်ကောင်စီတပ်သားများနှင့် တန်းတူသဘောထားကာ တိုက်ခိုက်ခြေမှုန်းသွားမည်ဖြစ်ကြောင်း သိစေလိုသည်။

အခွင့်မသာသေးကြောင်း စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော်လည်း ပြည်သူ့ရင်ခွင်တွင် ခိုလှုံချင်သော သူများအတွက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မတိုင်မီ မိမိတို့၏ ရုံးဌာန၊ ရုံးဝန်းများမှ ရရာနည်းလမ်းဖြင့် အချိန်မီ ထွက်ခွါသွားကြရန် နောက်ဆုံးအကြိမ်သတိပေးလိုက်သည်။

ကျွန်ုပ်တို့ မဟာမိတ်တပ်ပေါင်းစုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်၍ စစ်ကောင်စီလက်အောက်ခံများ အပေါင်းအပါများအားလုံးကို ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်၍ ၎င်းတို့၏ အနီးအနားသို့ လုံးဝသွားလာခြင်းမပြုကြရန် ပြည်သူလူထုအား မေတ္တာရပ်ခံအပ်ပါသည် " ဟု ဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီလက်အောက်ခံဌာန များမှ ဝန်ထမ်းများ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထား၍ အချိန်မီထွက်ခွာကြရန်နှင့် မထွက်ခွာပါက တိုက်ခိုက်မည်ဟု Silent Killer အဖွဲ့ သတိပေး စစ်ကောင်စီလက်အောက်ခံဌာန များမှ ဝန်ထမ်းများ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ဆုံးထား၍ အချိန်မီထွက်ခွာကြရန်နှင့် မထွက်ခွာပါက တိုက်ခိုက်မည်ဟု Silent Killer အဖွဲ့ သတိပေး Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.