ခင်ဦးမြိုနယ်တွင် စစ်ကောင်စီကား ၄ စီးကို SBDF မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၂၀ ဦးခန့်သေ


ခင်ဦး၊ ဖေဖော်ဝါရီ ၁၁

မန္တလေး-ရွှေဘို မြစ်ကြီးနားလမ်း ခင်ဦးမြိုနယ် ခင်ဦးလမ်းဆုံးအနီးတွင် ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၀ရက်) က အကြမ်းဖက်စစ်ကောင်စီကား (၄) စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ (၂၀)  ဦးခန့်သေဆုံးခဲ့ကြောင်း Shwe Bo Defense Force-SBDF က ယမန်နေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ခင်ဦးမြိုနယ် ကုလားလူးရွာသို စစ်ကြောင်းထိုးရန် စစ်ကူလာသည့် စစ်ကောင်စီလက်ပါးစေ ကား (၄) စီးကို ပဒေသာမိုင်း (၇)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီဖက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး အထိနာခြင်းကြောင့် အနီးနာရှိကောက်ရိုးပုံတချို့နှင့် ကြက်ခြံတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များဖက်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ရန်သူ သတင်းပေးဒလန်များ ပျုများနှင့် အုပ်ချုပ်ရေးမှူးများအားလုံးကိုလည်း ပြတ်ပြတ်သားသား ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း SBDF က အသိပေးထုတ်ပြန်သည်။


Lu Nge Khit

ခင်ဦးမြိုနယ်တွင် စစ်ကောင်စီကား ၄ စီးကို SBDF မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၂၀ ဦးခန့်သေ ခင်ဦးမြိုနယ်တွင် စစ်ကောင်စီကား ၄ စီးကို SBDF မိုင်းဆွဲတိုက်ခိုက်၊ လက်ပါးစေ ၂၀ ဦးခန့်သေ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.