မောင်တော၌ RSO နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီတပ်သား (၈) ဦးသေ ဟုဆို


မောင်တော၊ ဖေဖော်ဝါရီ (၆)

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီး၌ ဖေဖေါ်ဝါရီ (၄) ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO) တို့ ထိပ်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်ပါးစေ (၈) ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း RSO မှ ဗိုလ်မှူးကျော်မြင့်ထွန်းက လူငယ့်ခေတ်သို့ ပြောသည်။

“မြန်မာစစ်တပ် ခမရ (၃၅၂) နဲ့တိုက်ပွဲဖြစ်တာပါ။ ကင်းလှည့်နေရင်းနဲ့ ထိပ်တိုက်တွေ့တာပါ။ ကျွန်တော်တိုဘက်က တစ်ယောက် ဒဏ်ရာရတာပဲရှိတယ်။ စစ်တပ်ဘက်က (၈)ယောက်သေတယ်။ (၁၁) ယောက်ဒဏ်ရာရတယ်။" ဟု ဗိုလ်မှူးကျော်မြင့်ထွန်းက ပြောသည်။

အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ထံမှ AK-47 သေနတ်တစ်လက်၊ M-16 သေနတ် (၂) လက်၊ ၄၀ မမ တစ်လက်နှင့် ကျည်ဆံအမြောက်မြားသိမ်းဆည်းရမိခဲ့သည်ဟုဆိုကာ Video နှင့်တကွ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အခြေအနေများနှင့်ပတ်သက်၍ လူငယ့်ခေတ်က ဒေသခံများထံ ဆက်သွယ်ရန် ကြိုးစားနေပြီး စစ်တပ်ဘက်က သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့်အရေအတွက်နှင့် လက်နက်များဆုံးရှုံးခဲ့သည့် ကိစ္စကို သီးခြားအတည်မပြုနိုင်သေးပေ။

ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ(RSO) တပ်ဖွဲအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ကို တွေ့သည့်အချိန်တွေ့သည့်နေရာတိုင်းတွင် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၄) ရက်နေ့ကလည်း မောင်တောမြိုနယ်၊ မီးတိုက်ရွာအနီးရှိ  ရက္ခိုင့်တပ်တော်(AA) အခြေပြုထားသည့်နေရာကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၃၅၂) တပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။


Lu Nge Khit

မောင်တော၌ RSO နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီတပ်သား (၈) ဦးသေ ဟုဆို မောင်တော၌ RSO နှင့် အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီတပ်သား (၈) ဦးသေ ဟုဆို Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.