ပြည်၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၂။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွက် တီတွဒ်စံပြရွာအနီး၊ နီလာရိုးမစက်သုံးဆီဆိုင် ရှေ့ ဓါတ်အားတိုင်တခုကို ဖေါက်ခွဲဖျက်ဆီးခဲ့ကြောင်း People Shadow Ranger(PSR) အဖွဲ့ထံက သိရသည်။
ဖောက်ခွဲမှုကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လည် ၁၁ နာရီကျော်ခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖျက်အားပြင်းဗုံးအမျိုးအစားဖြင့် ဖောက်ခွဲခဲ့ကာ ပျက်စီးမှုအခြေနေကို စောင့်ကြည့်နိုင်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။
"ယမ်းအားပြင်းတယ်။ ပျက်စီးနိုင်ခြေရှိတယ်။ အသံတောင်တော်တော်ကျယ်တာ၊ သွားကြည့်လို့မရတော့ဘူး။ တိုင်တော့တော်တော်ထိသွားလောက်တယ်။ အပိတ့်အဆို့၊ အစစ်အဆေးကြမ်းနေလို့ ရဲဘော်တွေ အမြန်ပြန်ထွက်လာကြရတယ်" ဟု People Shadow Ranger (PSR) အဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောသည်။
လက်ရှိတွင် ယင်းနေရာအနီးတဝိုက်အပြင် အခြားအလှမ်းဝေးသည့် နေရာများသို့ပါ စစ်ဆေးရှာဖွေမှုများ ပြုလုပ်လျှက်ရှိနေပြီး ယင်းဓါတ်အားတိုင်မှာ ကပစ ၁၉ သို့ ဓါတ်အားပို့လွှတ်ရာ လိုင်းတခုဖြစ်ကာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း တီတွဒ်-ဝက်ထီးကန် ကားလမ်းမ ရှိ ပျဉ်းမအိုင်ကျေးရွာ အနီးရှိ ကပစ ၁၉ သို့ ဓါတ်အားပို့လွှတ်ရာ ဓါတ်အားတိုင်ကို ဖောက်ခွဲဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဖောက်ခွဲမှုများတွင် ပြည်သူလူထုအား ထိခိုက်မှုအလျဉ်းမရှိအောင် သတိထားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ဖောက်ခွဲမှုတွင်လည်း အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ၎င်းတို့အဖွဲ့က ထုတ်ပြန်ထားသည်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment