မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၂။
စစ်ရဟက်ယာဥ်နဲ့ တင့်ကားတွေအထိပါ ပစ်ခတ်နိုင်တဲ့ လက်နက်နဲ့ ကျည်ဆံတွေကို ဝယ်ယူနိုင်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် − PRA ရဲ့ ပြောရေးဆိုခွင့်ရှီသူ ဗိုလ်ဂျပန်က ပြောပါတယ်။
M 16 ကျည်အပါအဝင် စနှိုက်ပါကျည်နဲ့ အခြားလက်နက်အချို့ပါဝယ်ယူခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုး သိန်း ၃၀၀ လောက်ရှိတယ်လို့ သူကပြောပါတယ်။
“ ဒီလက်နက်အတွက် M ၁၆ ကျည်ရယ်၊ စနှိုက်ပါကျည်ရယ် မှာလိုက်တာ၊ ဒီကောင်ရဲ့ကျည်ပြေးအားက မီတာ ၂၀၀၀ လောက်ပြေးပါတယ်၊ ကျည်ကလည်းပြင်းအားကောင်းတယ်၊ ကျည်လုံးကလည်းကြီးတယ်၊ သေနတ်အပါဆိုရင် ၃၀၀ ကျော်ကျော်လောက်ကျတယ်၊ လက်ထဲမှာ ၁၀၀ စွန်းစွန်းလောက်ရှိတယ်၊ ပစ္စည်းကရောက်ပါပြီ၊ ” လို့ ဗိုလ်ဂျပန်ကပြောပါတယ်။
ခုလိုဝယ်လိုက်တာဟာ သူတို့စခန်းထိုင်ထားတဲ့နေရာတဝိုက်က ကျေးရွာအချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး ရဟက်ယာဥ်တွေနဲ့ပါ ဗုံးကြဲတာတွေလုပ်နေတာကြောင့် ပြန်ပြီးခုခံတိုက်ခိုက်ဖို့အတွက် ခုလို အဖြစ်မနေဝယ်လိုက်ရတာလို့ ဗိုလ်ဂျပန်က ဆက်ပြောပါတယ်။
“ အဲဒီဘက်ကပတ်ချာလည်ရွာတွေဆိုရင် စစ်ကောင်စီကရွာတွေကိုမီးရှို့တယ်၊ လေယာဉ်နဲ့ဟက်စကီးနဲ့ပေါ့၊ ဗုံးတွေနဲ့ပစ်တယ်၊အဲဒါမျိုးတွေလုပ်တဲ့အတွက် ဒီလက်နက်နဲ့ အဲ့ဒီလေယာဉ်တွေကိုပစ်ချဖို့အတွက် မဖြစ်မနေဝယ်ရတာပါ “ လို့ ပြောပါတယ်။
PRA ဟာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒေသကာကွယ်တခုဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း ပုလဲမြို့နယ်၊ အင်းမထီးရွာမှာစခန်းချပြီး ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment