ပုလဲမြို့နယ်တွင် စစ်ကား ၄ စီးနှင့် ဆိုင်ကယ်တစ်စီးအား PRA မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရ
ဖေဖော်ဝါရီ ၄ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကား ၄ စီးနှင့် ဆိုင်ကယ်တစ်စီးအား PRA မှ မိုင်းဆွဲတိုက်ခိုက်၊ စစ်သား ၂ ဦးသေဆုံးကာ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PRA က သတင်းထုတ်ပြန်ထားသည်။
" ဒီနေ့နေ့လည် ၁၂ နာရီ ဝန်းကျင်လောက်က မင်းတိုင်ပင်ရွာကနေ ကန့်ဒေါင့်ရွာ အသွားလမ်းခုလတ်တွင် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တပ်ခွဲ-၆က အဖွဲက မိုင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ယောက်သေ။၄ ယောက် ဒဏ်ရာရတယ်" ဟု PRAမှ ဗိုလ်ဂျပန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တပ်အင်အား ၃၀ ခန့် လိုက်ပါလာသည့် အဆိုပါယာဥ်တန်းအား ပုလဲမြို့နယ် ၊မင်းတိုင်ပင်ရွာ မှ ကန့်ဒေါင့်ရွာ အသွားလမ်းခုလတ်တွင် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တပ်ခွဲ-၆ ဗိုလ်တိုးကြီး အဖွဲ့မှ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း PRA တပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် - PRA ကရေးသားထုတ်ပြန်ထားသည်။
Ayeyarwaddy Times
No comments:
Post a Comment