PPDFက ပခုက္ကူအင်းဝဘဏ်အစောင့်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်စစ်ကောင်စီတပ်သား ၂ဦးသေ၊၃ ဦးဒဏ်ရာရ
ပခုက္ကူမြို့ရှိ အင်းဝဘဏ်စောင့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ည တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပခုက္ကူပြည်သူ့ကာကွယ်ရေးအဖွဲ့ (PPDF)က သတင်းထုတ်ပြန်သည်။
အင်းဝဘဏ် လုံခြုံရေးအဖွဲ့ကိုယနေ့(ဖေဖော်ဝါရီ ၄ရက်) ည နေ ၆ နာရီခွဲကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က အဖွဲ့ဝင်တစ်ဦးကပြောသည်။
"အခုတိုက်ခဲ့တဲ့နေရာမှာဝတ်စုံအပြည့်နဲ့ငါးယောက်ရယ်။အရပ်ဝတ်နဲ့ လေးယောက်လောက် စုစုပေါင်းကိုးဦး လောက်ရှိတယ်။ဗုံးနဲ့ပစ်ဖို့ သွားခဲ့ပေမယ့် အခြေအနေမပေးတဲ့အတွက်သေနတ်အတိုနှစ်လက်ကို အသုံးပြုတိုက်ခိုက်ခဲ့တာ"ဟု PPDF ရဲဘော်တစ်ဦးက လူထုနွေဦးသို့ပြောသည်။
စစ်ကောင်စီတပ်သားများက ပြန်လည်ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်တွင် ထိခိုက်သူမရှိခဲ့ဟု၎င်းကဆက်ပြောသည်။
"မိမိတို့၀င်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာဏာမတရားသိမ်းပိုက်ပြီးချိန်မှစ၍ ပြည်သူလူထု၏ စိတ်နှလုံးအား ညှိုးငယ်စေရန်အစဉ်တစိုက်နှိပ်စက်ညှင်းဆဲလျက်ရှိသော အာဏာလုစစ်တပ်၏ လက်ပါးစေ အသိဉာဏ်မဲ့ အကြမ်းဖက်စစ်သား (၂)ဦး ယင်းနေရာတွင် ပွဲချင်းပြီးသေဆုံးကာ (၃)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရှိရပြီး၊ မိမိတို့ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်" ဟု PPDF ကထုတ်ပြန်သည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် မြို့ပေါ်ရှိ နေရာအချို့၌ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူအားနည်းအမျိုးမျိုးဖြင့် နှိပ်စက်ညှင်းပန်းခြင်းများ ဆောင်ရွက်နိုင်ဖွယ်ရှိသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ကြရန် မေတ္တာရပ်ခံ အပ်ပါသည်ဟု PPDF အဖွဲ့ခေါင်းဆောင်ကိုယ်စားသတင်းပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံကသတင်းထုတ်ပြန်သည်။
“အပြန်အလှန်ပစ်တယ်ပေါ့။ မြို့ခံတွေထိခိုက်တာတော့ဘာမှမကြားဘူး” ဟု ပခုက္ကူမြို့ခံတစ်ဦးကလည်း ပြောသည်။
စစ်ကောင်စီအား တိုက်စစ်ဖွင့်မည်ဟု ကြေငြာထားသည့် ပခုက္ကူ နှင့်ပေါက် အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပခုက္ကူ-ပေါက် ကားလမ်းမဘေးရှိသစ်တောရဲကင်းစခန်းအား ယနေ့နံနက်ပိုင်းက မီးရှို့ဖျက်ဆီခဲ့သေးသည်။
ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲများ၊ ပျူစောထီးများနှင့် အနီးကပ်နေထိုင်ခြင်းမပြုလုပ်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။
People's Spring
No comments:
Post a Comment