ရန်ကုန်မှော်ဘီလေတပ်မှ လေယာဉ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ဟု People's Force ထုတ်ပြန်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ယမန်နေ့(ဖေဖေါ်ဝါရီ၁၈ရက်) က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း People's force (Yangon) က ယနေ့(ဖေဖေါ်ဝါရီ၁၉ရက်) ထုတ်ပြန်သည်။

တိုင်းရင်းသားဒေသများကို ဗုံးကြဲတိုက်ခိုက်နေသည့် Fighter ဂျက်လေယာဉ်များ ထားရှိသည့်နေရာကို တော်လှန်ရေးရဲဘော်များမှ ဝင်ရောက်ကာ လေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁နာရီ၄၀မိနစ်တွင် အဝေးမှ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို  လူငယ့်ခေတ်မှ စုံစမ်းနေဆဲဖြစ်သည်။


Lu Nge Khit

ရန်ကုန်မှော်ဘီလေတပ်မှ လေယာဉ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ဟု People's Force ထုတ်ပြန် ရန်ကုန်မှော်ဘီလေတပ်မှ လေယာဉ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ဟု People's Force ထုတ်ပြန် Reviewed by THITHTOOLWIN on 01:57 Rating: 5

No comments:

Powered by Blogger.