လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းပစ်ခတ်နိုင်သည့် လက်နက်ယူဆောင်ခဲ့ပြီဖြစ်ကြောင်း ဒီးမော့ဆို PDF ကြေငြာ
ဖေဖော်ဝါရီ ၉
လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းပစ်ခတ်နိုင်သော RUGER PRECISION RIFLE အမည်ရှိ တာဝေးပစ် သေနတ် တစ်လက်အား ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF တပ်ရင်း-A မှ တော်လှန်ရေးအတွက် တပ်တွင်းသို့ ယူဆောင်ခဲ့ပြီဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သေနတ်၏ကုန်ကျစရိတ်မှာ ၃၆၇၀၀၀၀၀ကျပ် ဖြစ်ပြီး ၎င်း၏ ကျည်တစ်ထောင့်တန်ဖိုးမှာ ၅၅၀၀၀ ကျပ်ဖြစ်၍ သေနတ်၏အားသာချက်မှာ လေယာဉ်နှင့် တင့်ကားတို့ကို ဖောက်ထွင်းနိုင်သော ပြင်းအားရှိ၍ အတော်လှမ်းဝေးသည့် ပစ်မှတ်တို့ကိုလည်း ပစ်ခတ်နိုင်ကြောင်း သိရပါတယ်။
အဆိုပါလက်နက်အား ခင်မင်မှုဖြင့် တပ်တွင်းသို့ သယ်ဆောင်လာနိုင်ခဲ့ပြီး သေနတ်၏ကုန်ကျစရိတ်ကို အားလုံးမပေးချေ ရသေးကြောင့် ၎င်း RUGER PRECISION RIFLE သေနတ်၏ ကုန်ကျငွေကို ပြည်တွင်းပြည်ပ အလှူရှင်များအား ကျပ်ငွေ တစ်ထောင်၊နှစ်ထောင်ကအစ လှူဒါန်းပေးကြဖို့ DMO - PDF တပ်ရင်း A မှ မေတ္တာရပ်ခံထားပါတယ်။
PDF Newsflash
No comments:
Post a Comment