ကနီမြို့နယ်တွင် စစ်ကောင်စီစခန်းချနေထိုင်သော အထကကျောင်းနှင့် နယ်မြေရဲစခန်းအား PDF များဝင်ရောက်တိုက်ခိုက်ရာ စကစတပ်သား (၂၅) ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ
Photo - ကနီ PDF တပ်ရင်း (၁) တပ်ဖွဲ့ဝင်များ |
ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားနယ်မြေရဲစခန်းနှင့် ဝင်မနား အ.ထ.က ကျောင်း၌ စခန်းချနေသော စစ်ကောင်စီတပ်များအား ယမန်နေ့ ည ၁၀ နာရီခွဲအချိန်က KPDF-1 (Kani)၊ M&K The Boys၊ ဒီပဲယင်း PDF၊ ကနီ PDF၊ ရွှေတြိဂံတပ်ရင်း၊ မဟူရာနဂါးတပ်ရင်း ဒေသတွင်းမဟာမိတ်ညီနောင်များ၊ မဟာမိတ်ညီနောင် EAOများ၊ ဒေသခံပ.က.ဖအဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။
ထို့သို့ဝင်ရောက်တိုက်ခိုက်မှုကြောင့် "စခ၊ ရခများနေသော ဝင်မနားနယ်မြေရဲစခန်း ပျက်စီးမှုများပြားခဲ့ပြီး စခ ရခ မုန့်ဟင်းခါး (၂၅) ပွဲထွက်ခဲ့ကာ ဒဏ်ရာရ မုန့်ဟင်းခါးပွဲအရေအတွက် များစွာရှိကြောင်းသိရသည် " ဟု Kani PDF ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်အား တိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော် (၃) ဦးသည် ပြည်သူအတွက် အသက်ပေးသွားခဲ့ရပြီး (၁၀)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Kani PDF က ဆက်လက်ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဘေးမှ လွတ်ကင်းရန်အတွက် သတိဝီရိယဖြင့် နေထိုင်ကာ အရေးတော်ပုံအမြန်အောင်မြင်ရန်အတွက် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးတွင် နိုင်ရာထောင့်မှ ပါဝင်ကူညီကြပါရန် Kani PDF က နှိုးဆော်တိုက်တွန်းလိုက်သည်။
PDF Newsflash
No comments:
Post a Comment