တောလမ်းအတိုင်း ချီတက်လာသော စစ်အုပ်စုအား PDF များ ပဒေသာမိုင်း (၄) လုံးခွဲတိုက်ခိုက်၊ စကစတပ်နှင့် ပျူစောထီးအုပ်စုမှ (၁၅) ဦးခန့်သေဆုံး


ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသအထက်ပိုင်း စစ်လျင်ချောင်းကျေးရွာမှ ခြေလျင်တက်လာသော စကစနှင့် ပျူအင်အား ၁၀၀ ဝန်းကျင်သည် ယမန်နေ့နံနက်ပိုင်းက ကနီမြို့နယ်၊ ဆယ်ရွာဒေသသို့ တောလမ်းအတိုင်း ဆက်လက်ချီတက်လာခဲ့ရာ မိုင်တိုင် ၆၇ မိုင်နှင့် တစ်ဖာလုံခန့်အကွာရှိ အနောက်ချောင်းရိုးသို့ ရောက်ရှိချိန်တွင် KPDF-2၊ ရွှေသမင်မုဆိုး TD PDF၊ ရွှေတြိဂံတပ်ရင်း၊ Special Regional Attack Force-Monywa အဖွဲ့တို့ပူးပေါင်း၍ ပဒေသာမိုင်းဆွဲတိုက်ခိုက်ကာ လက်နက်ကြီးငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြရာ စကစဘက်မှ (၁၅) ဦးခန့်သေဆုံးနိုင်ကြောင်း သိရသည်။

" ပဒေသာမိုင်း (၄) လုံးခွဲတိုက်ခိုက်ခဲ့သည့်အပြင် တိုက်မိုင်း၊ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခ နှင့် ပျူအုပ်စုမှ (၁၅) ဦးခန့်သေဆုံးနိုင်ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည် " ဟု KPDF-2 ကထုတ်ပြန်သည်။

ထို့နောက် စကစနှင့် ပျူအုပ်စုတို့သည် ၎င်းတို့ဘက်မှ ထိခိုက်မှု့များရှိခဲ့သည့်အတွက် ဆယ်ရွာဒေသသို့ ဆက်လက် ချီမတက်နိုင်တော့ဘဲ လာရာလမ်းသို့ ဆုတ်ခွာခဲ့ရာ KDPF-2 နှင့်ပူးပေါင်းအဖွဲ့များက လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ မင်းကင်း-ကနီဒေသကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ KPDF-2 နှင့်ပူးပေါင်းတပ်ဖွဲ့များ ထိခိုက် ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


PDF Newsflash

တောလမ်းအတိုင်း ချီတက်လာသော စစ်အုပ်စုအား PDF များ ပဒေသာမိုင်း (၄) လုံးခွဲတိုက်ခိုက်၊ စကစတပ်နှင့် ပျူစောထီးအုပ်စုမှ (၁၅) ဦးခန့်သေဆုံး တောလမ်းအတိုင်း ချီတက်လာသော စစ်အုပ်စုအား PDF များ ပဒေသာမိုင်း (၄) လုံးခွဲတိုက်ခိုက်၊ စကစတပ်နှင့် ပျူစောထီးအုပ်စုမှ (၁၅) ဦးခန့်သေဆုံး Reviewed by THITHTOOLWIN on 23:57 Rating: 5

No comments:

Powered by Blogger.