ပုလဲ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၂၈ ရက်က အရပ်ဝတ်ဝတ်ဆင်ထားတဲ့ ရဲအရာရှိအမျိုးသမီးတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Pale Jokers PDF ဆီက သိရပါတယ်။
ဖမ်းဆီးခံရသူဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ရွာမရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မဖြူစင်သန့် (ရဲအုပ်) ဖြစ်ပြီး ဇန်နဝါရီ ၃၀ ရက်ကတည်းက တာဝန်ရှိသူတွေဆီကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ Pale Jokers PDF တာဝန်ခံ ဗိုလ်ပုလဲက ပြောပါတယ်။
“ကျနော်တို့တောင်ပေါ်မှာပဲဖမ်းလိုက်တာ၊ သူ့က CDMမဟုတ်ဖူးဗျ၊ သူ့ကသူ့ရဲ့ရည်းစားနဲ့သွားတွေ့တာလို့ပြောတယ်၊ သူ့ရည်းစားကလည်းရဲပါပဲ၊ သူ့ရည်းစားနဲ့တွေ့ပြီးအပြန်မှာဖမ်းမိတာပါ၊ ၂၈ ရက်နေ့ကဖမ်းလိုက်တာ၊ ၃၀ ရက်နေ့က ကျနော်တို့စနစ်တကျလွှဲပြောင်းပေးလိုက်ပြီးပါပြီ၊ “ လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်မှာ အလုပ်ဆက်လုပ်နေပြီး CDM မလုပ်တဲ့ ဝန်ထမ်းတွေကိုလည်း ပုလဲမြို့နယ်အတွင်း ဘယ်လိုနည်းနဲ့ပဲ ဝင်ရောက်လာလာ ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်လို့ ဗိုလ်ပုလဲက ဆက်ပြောပါတယ်။
“ ဒီလိုလမ်းသွားလမ်းလာတဲ့အခါမှာ သူတို့လွတ်မြှောက်မယ်ထင်လို့ ဒီလိုမျိုးအရပ်ဝတ်တွေနဲ့လာကြတယ်၊ CDMမလုပ်နိုင်ပဲနဲ့ ဒီလိုသွားလာတာတွေဆင်ခြင်ဖို့၊ CDMမလုပ်တဲ့သူမှန်သမျှတော့ ကျနော်တို့နယ်မြေထဲရောက်ရင်ဖမ်းဆီးသွားမှာပါ။” လို့ သူကပြောပါတယ်။
ဒီဖမ်းဆီးမှုကို Pale Jokers အဖွဲ့က ဦးဆောင်ပြီး၊ နယ်စည်းမထားညီနောင်များ ၊ပုံတောင်တိုက်ဂါးနဲ့ ပူးပေါင်အဖွဲ့တို့က လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment