ကနီ၊ ဖေဖော်ဝါရီ ၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ဒလန်ဆိုသူတွေအများစုနေတဲ့ ရေလည်ကျွန်းရွာကို ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ KLG PDF ဆီက သိရပါတယ်။
“အဲ့ဒီရွာက ပျူရွာလေ၊ ဘေးနားမှာရှိတဲ့ ရွာတွေကိုလည်း စစ်ကောင်စီနဲ့ပေါင်းပြီး အနိုင်ကျင့်နေတာ၊ ဘေးနားရွာက သူတွေလည်း မနေရဲတော့ဘူး၊ ရွာသားတွေအကုန် ထွက်ပြေးနေရတယ်။ အဲ့ဒါကြောင့် တိုက်ခိုက်ခဲ့တာ။" လို့ KLG PDF ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။
အိမ်ခြေ ၄၀ ကျော်နဲ့ လူဦးရေ ၁၀၀ လောက်ရှိတဲ့ အဲ့ဒီရွာမှာ စစ်ကောင်စီကတပ်စွဲထားပြီး ရွာသားအများစုက စစ်တပ်ထဲကို လက်မှတ်ထိုးပြီးဝင်ထားကြတယ်လို့လည်း KLG PDF ရဲ့တာဝန်ခံက ဆက်ပြောပါတယ်။
“ကျနော်တို့သိရသလောက်ကတော့ အဲ့ဒီရွာက လူငယ်၊လူကြီး၊ မိန်းမတွေရော ၅၄ ယောက်က စစ်ထဲကိိုလက်မှတ်ထိုးပြီး ဝင်သွားပြီ၊ အဲ့ဒီရွာကို စစ်တပ်က လက်နက်အပြည့်အစုံပေးထားတာ၊ မိန်းမတွေဆိုရင် အတိုတွေနဲ့ သူတို့အသက်ကို စောင့်ဖို့ဆိုပြီး၊ ညညဆိုလိုက်ပစ်နေတာ၊“ လို့ သူကဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ဒဏ်ရာရသူနဲ့ သေဆုံးသူစာရင်းကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကနီနယ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းကစလို့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး၊ ဒေသအတွင်းမကြာခဏထိုးစစ်ဆင်တာတွေအပြင် ဒေသခံပြည်သူတွေအပေါ် မှာလည်း အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊ သတ်ဖြတ်တာတွေကို ခပ်စိပ်စိပ်လုပ်လာသလို တဖက်မှာလည်း ဒေသခံကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေက တနေ့တခြား အားကောင်းလျှက်ရှိနေပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment