ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖောက်ထွင်း​နေ​သည့် စစ်​ကောင်စီတပ်ကို ဒီးမော့ဆို PDF သွား​ရောက်တိုက်ခိုက်


ဖေဖော်ဝါရီ ၁၀ ရက်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ ​ငွေ​တောင်အုပ်စု၊ ​အောင်ချမ်းသာကျေးရွာတွင် ပြည်သူပိုင်ပစ္စည်းများခိုးယူ​​ဖောက်ထွင်း​နေသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)တပ်ဖွဲ့က ယ​နေ့ ​ဖေ​ဖော်ဝါရီလ(၁၀)ရက်​​နေ့တွင် သွား​ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

၁ နာရီကြာ တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်ဖက်မှ(၃)​ဦးခန့် စနိုက်ဘာလက်ချက်ဖြင့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ဖက်သည် ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့​​သောနေ​ရာ၌ စစ်​ကောင်စီတပ်ဖွဲ့မှ ပြည်သူပိုင်​နေအိမ်(၄)လုံး မီး​ရှို့ဖျက်စီးခဲ့သည်ဟု ​DMO-PDF က ရေးသားထုတ်ပြန်ထားသည်။


Ayeyarwaddy Times 

ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖောက်ထွင်း​နေ​သည့် စစ်​ကောင်စီတပ်ကို ဒီးမော့ဆို PDF သွား​ရောက်တိုက်ခိုက် ပြည်သူပိုင်ပစ္စည်းများ ခိုးယူဖောက်ထွင်း​နေ​သည့် စစ်​ကောင်စီတပ်ကို ဒီးမော့ဆို PDF သွား​ရောက်တိုက်ခိုက် Reviewed by THITHTOOLWIN on 20:58 Rating: 5

No comments:

Powered by Blogger.