ပြင်သာရွာတိုက်ပွဲတွင်း ကျဆုံးသည့် PDF တပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများအား စစ်ကောင်စီတပ်မှ ကျေးရွာနေပြည်သူများအား အတင်းအဓ္ဓမကြည့်ခိုင်း
Feb 5,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ကျဆုံးသွားသည့် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၏ရုပ်အလောင်းများအား စစ်ကောင်စီတပ်မှ ပြင်သာစာသင်ကျောင်းတွင်ထားရှိကာ ကျေးရွာနေပြည်သူများအား အတင်း အဓ္ဓမလာကြည့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
“ပြင်သာရွာနှင့် တောင်အူရွာက ကျေးရွာနေပြည်သူတွေကို လာကြည့်ခိုင်းတာပါ တစ်အိမ်ကိုတစ်ယော က်မဖြစ်မနေလာကြည့်ခိုင်းပါတယ်။ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာပစ်လို့ သူတို့ကလုပ်ရတာပါ ဆိုပြီးတော့လည်းရှင်းပြပေးသေးတယ်" ဟု အမည်မလိုဒေသခံတစ်ဦးကပြောသည်။
သေဆုံးသွားသည့် ကလေး PDF တပ်ဖွဲ့ဝင်များမှာတပ်စုမှူးတစ်ဦး၊ တပ်ရင်း ( ၆)မှ တပ်သား သုံးဦး၊ တပ်ရင်း ( ၇ )က သုံးဦး စုစုပေါင်း ၇ဦးဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၄ရက်နေ့ ပြင်သာကျေးရွာစာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့ဝင်းများအား ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်ပစ်ဗုံးများဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ရာမှ နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများကပြောသည်။
ယင်းပတ်ခတ်မှုတွင် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခုနှစ်ဦးကျဆုံးခဲ့ပြီး အဆိုပါ ကျဆုံးသွားသည့်ရုပ်အလောင်များအား စစ်ကောင်စီတပ်မှ ပြင်သာကျေးရွာနှင့်တောင်အူကျေးရွာစာသင်ကျောင်းများတွင် ထားရှိကျေးရွာနေ ပြည်သူများအား ကြည့်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုတွင် ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ခုနှစ်ဦးကျဆုံးခဲ့သည့်အပြင် စစ်ကောင်စီ တပ်မှလည်း လက်ပစ်ဗုံးထိမှန်၍ ဗိုလ်ကြီးတစ်ဦး၊ ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး စုစုပေါင်း ၁၃ ဦးထက် မနည်း သေဆုံးခဲ့ကြောင်းလည်းသိရသည်။
အဆိုပါ ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီတပ်ဘက်မှ လူနေရပ်ကွက်များအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
Kachin News Group
No comments:
Post a Comment