ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံနှင့် မိုးဗြဲနယ် အတွင်း  စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများ သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့် ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်ခဲ့သည်။

ဖယ်ခုံမြို့နယ်အတွင်းတွင် အာဏာသိမ်းစစ်ကောင်စီတို့၏ အကြမ်းဖက် ထိုးစစ်ဆင်မှုများ ရှိနေသည့်အပြင် စစ်ကောင်စီတပ်သားများ နေအိမ်ဖောက်ထွင်း ခိုးယူမှု မီးရှို့ဖျက်ဆီးမှု  ရှိနေသည့်အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်နိုင်ရန် ရည်ရွယ်ကြောင်း  ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“တိုက်ပွဲကတော့ အချိန်မရွေး ဖြစ်လာနိုင်တဲ့ အနေအထားပါ၊ အဲ့ကြောင့် စစ်တပ်က နီးကပ်လာတဲ့အခါမျိုးတွေမှာ သတိထားလို့ရအောင်လို့ပေါ့၊ အရေးကြီးပစ္စည်းတွေ ပြီးတော့ သယ်နိုင်သမျှ ပစ္စည်းတွေ အသင့်ထုတ်ပိုး ထားနိုင်အောင် ရည်ရွယ်ပါတယ်” ဟု (Pekhon PDF) က သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့တို့၏ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခြင်းနှင့် အကြမ်းဖက် ထိုးစစ်ဆင်နေမှုများကြောင့် ပြည်သူ့နေအိမ်များစွာ ထိခိုက်ပျက်စီးမှုများရှိသည့်အပြင် ရွာသား များလည်း လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရခြင်းများရှိနေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ 

“စစ်တပ်တွေက ထင်တိုင်းကြဲတာထက်ကို မကတော့ဘူး ရမ်းကားလွန်းရာကျနေပါတယ်၊ မနေ့ညပိုင်းအထိ မိုးဗြဲမှာ လက်နက်ကြီးနဲ့ လှမ်းထုနေတုန်း၊ အခုရက်ပိုင်းအတွင်း ကျနော်တို့နဲ့ စစ်တပ်တွေက ထိတွေ့တိုက်ပွဲရော ရင်ဆိုင်တိုက်ပွဲရော များတယ်၊ ဒီနယ်ဘက်မှာ ၄၂၂ တပ်က အကြမ်းဖက်လုပ်ရပ်တွေထက်ကို ပိုတယ်” ဟု ပြောသည်။  

မိုးဗြဲမြို့နယ်အတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းလိုင်းနှင့် နေ့စဉ်ဆက်တိုက်  ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုးဗြဲအခြေစိုက် (ခမရ-၄၂၂)တပ်၊ လွိုင်ကော် အခြေစိုက် (ခလရ-၂၅၀)တပ် နှင့် ဒီးမော့ဆိုအခြေစိုက် (ခမရ-၄၂၇) တပ်တို့မှလည်း တာဝေးပစ်အမြောက် များအသုံးပြုကာ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စစ်ရေးပြင်းထန်နေသည့် အခြေအနေများရှိနေသည့် ပြည်သူများအနေဖြင့် သယ်ယူထုတ်ပိုးနိုင်သည့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန်နှင့် ထုတ်ပြန်ကြောင်း မိုးဗြဲ နှင့် ဖယ်ခုံ PDF က ဆိုသည်။

SHAN News (Burmese Version) / သျှမ်းသံတော်ဆင့်

ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး ပြည်သူများအနေဖြင့် ပစ္စည်းများ အဆင်သင့်ထုတ်ပိုးထားရန် မိုးဗြဲနှင့်ဖယ်ခုံ PDF ထုတ်ပြန်သတိပေး Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.