ဖေဖော်ဝါရီလ၂၃ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့်
၁။ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း
၂။ ချောင်းဦး - ပခုက္ကူလမ်းပိုင်း
၃။ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း
၄။ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်း
၅။ ချောင်းဦး - အမြင့်လမ်းပိုင်း အစရှိသည့်လမ်းပိုင်းများကို ယာယီပိတ်ထားချိန်အတွင်း လုံးဝအသုံးမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု မုံရွာPDFက ယနေ့ဖေဖော်ဝါရီလ၂၃ရက်နေ့လယ်ပိုင်း၌ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်သည်။
အထက်ပါလမ်းပိုင်းများတွင်သွားလာနေကြသောမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းများကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းနှင့် လမ်းပိုင်းများပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း မုံရွာPDFထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မုံရွာမြို့တွင်ယမန်နေ့ ၂၂၂၂၂၂လူထုအရေးတော်ပုံနေ့၌ လုပ်ငန်းရှင်များအပါအဝင် အပြစ်မဲ့ပြည်သူအများအား အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဲ့ဝင်များက အတင်းအဓမ္မဖမ်းဆီးသွားခဲ့ပြီးနောက် မုံရွာ PDF က ယနေ့၌အရေးပေါ်ကြေညာချက်ထုတ်ပြန်လာသည်ကိုတွေ့ရှိရခြင်းဖြစ်သည်။
သံလွင်ခက် - Than Lwin Khet News
No comments:
Post a Comment