ဆိတ်ဖြူ၊ ဖေဖော်ဝါရီလ ၄၊ ၂၀၂၂။
ဖေဖော်ဝါရီလ ၂ ရက်နေ့က စစ်ကောင်စီတပ်တွေက ဆိတ်ဖြူမြို့နယ် ရှားလှရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အဖွားအိုတဦးကို ပစ်သတ်ကာ ရွာသားတရာကျော်ကို ဖမ်းဆီးသွားခဲ့ရာ ပေါက် PDF က ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဘွားအ်ိုကို ပစ်သတ်သွားတဲ့ စစ်ကောင်စီက အင်အားနည်းတာကို အခွင့်ကောင်းယူကာ ရွာသားတွေကို ကယ်ထုတ်ခဲ့တာလို့ သိရပါတယ်။
"မနက် ၁၁ နာရီမှာ ကျနော်တို့တပ်ရင်းက ဗိုလ်နားပေါက်ဦးဆောင်တဲ့အဖွဲ့က အဖမ်းခံရတဲ့ပြည်သူတွေကို စစ်ခွေးတွေ ရွာထဲမှာ အနည်းငယ်ချန်ပြီး ရွာပြင်ထွက်ချိန်မှာ ကျနော်တို့ အဖွဲ့က ကယ်ထုတ်ခဲ့တာ ပြည်သူရွာနဲ့ ဝေးတဲ့ နေရာရောက်မှ စစ်ခွေးတွေဘက်က ပစ်ခတ်ကြတာ အဲ့မှာအပြန်အလှန်ပေါ့ အဘွားတစ်ဦးကို သတ်တာက စစ်ခွေးတွေက အိမ်ပြင်ထွက်ရင် ပစ်သတ်မယ်လို့ ပြောတာကို အဘွားကနားလေးလို့ မကြားပဲ အိမ်ဝိုင်းအပြင်ထွက်တာကို သူတို့က ပစ်သတ်ကြတာ" လို့ Southern Pauk People,s Defense Force တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ အဖွားတဦးရဲ့အလောင်းကိုတော့ ဒေသခံတွေနဲ့ ပူးပေါင်းကာ သဂြိုလ်ပေးခဲ့ပြီး Southern Pauk P.D.F အမှတ် ၂ တပ်ရင်းကရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment