ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက်အစောပိုင်း မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီ လေယာဉ်ဖြင့် လာရောက်ပစ်ချသွားတဲ့ စစ်လက်နက်ပစ္စည်းအချို့ကို ဖယ်ခုံpdf က သိမ်းပိုက်ရရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ဂျပ်ဖာ ၄ ဖာရရှိတဲ့အနက် ၇၉ အသီး(၉၆) လုံး ရရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီကနေ့တိုက်ပွဲအတွင်း ဖယ်ခုံ PDFရဲ့ စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီ ၈ဦး သေဆုံးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကစ ဒီကနေ့ အထိ မိုးဗြဲမြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ တင့်ကားတိုက်ခိုက်မှုအပြင် လေကြောင်းပစ်ကူသုံးပြီး တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ တိုက်ပွဲအတွင်းမှာ နှစ်ဖက်အကျအဆုံးအထိအခိုက်လည်း ရှိနေတယ်လို့ သိရပါတယ်။
Kantarawaddy Times
No comments:
Post a Comment