ဓနုဖြူမြို့တွင် PDF သတင်းပေးနိုင်တဲ့သူကို ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိတ်ပေးမယ်လို့ ပြောဆိုကာ စစ်ကောင်စီလက်အောက်ခံ များက သတင်းယူနေ


ဓနုဖြူ၊ ဖေဖော်ဝါရီလ ၂၇ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာ PDF သတင်းပေးနိုင်တဲ့သူတွေကို ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိတ်ပေးမယ် ပြောဆိုကာ စစ်ကောင်စီလက်အောက်ခံတွေက ဒေသခံတွေကို မက်လုံးပေးပြီး သတင်းယူတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ 

ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ခံရပြီး ရှောင်တိမ်းနေရသူတွေ NUG နဲ့ပတ်သက်တဲ့သူတွေအပြင် PDF ကိုထောက်ပံ့နေတဲ့ သူတွေကို ပြောပေးနိုင်ရင် ဆန် ၁ အိတ်နဲ့ ငွေ  ၁ သိန်းခွဲပေးမယ်လို့ ပြောဆိုကာ မြို့ခံ ကြံ့ခိုင်ရေးပါတီဝင် ဦးနိုင်ဝင်းနဲ့ ဦးဝင်းတင်တို့က သတင်းယူနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ သူတို့က ဆိုင်ထိုင်လည်း အဲ့အကြောင်း အသံကျယ်ကျယ်နဲ့ပြောတာ သူတို့ပြောတာစိတ်ဝင်စားပြီး လုပ်မလား လို့ တော်တော်များများက မသိသလိုပဲ နေတာ ပြောတဲ့သူတော့ ရှိမယ်မထင်ဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဆန် ၁ အိတ်နဲ့ ငွေ  ၁ သိန်းခွဲကို မက်လို့ ပြောဖို့စဉ်းစားသူတွေ ရှိပေမယ့် ပြောတဲ့သူကိုပါ ငွေမပေးချင်လို့ စွပ်စွဲဖမ်းဆီးတာမျိုးတွေလုပ်မှာဆိုးလို့ ပြောတဲ့သူ မရှိဘူးလို့ ဆိုပါတယ်။

ဓနုဖြူမြို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်တိုင်တွေကို ဖောက်ခွဲတိုက်ခိုက်တာ မရှိသလောက်ရှားသလို ဒလန်ရှင်းလင်းတာလည်း အလားတူဖြစ်နေတာကြောင့် PDF တပ်ဖွဲ့ဝင်တွေတော့ မရှိနိုင်ဘူးလို့ ဒေသခံ အများစုက မှတ်ချက်ပေးပြောဆိုပါတယ်။


Ayeyarwaddy Times 

ဓနုဖြူမြို့တွင် PDF သတင်းပေးနိုင်တဲ့သူကို ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိတ်ပေးမယ်လို့ ပြောဆိုကာ စစ်ကောင်စီလက်အောက်ခံ များက သတင်းယူနေ ဓနုဖြူမြို့တွင် PDF သတင်းပေးနိုင်တဲ့သူကို ငွေ ၁ သိန်းခွဲနဲ့ ဆန် ၁ အိတ်ပေးမယ်လို့ ပြောဆိုကာ စစ်ကောင်စီလက်အောက်ခံ များက သတင်းယူနေ Reviewed by THITHTOOLWIN on 22:16 Rating: 5

No comments:

Powered by Blogger.