ပုံစာ။ ။ PDF - SAW တပ်ဖွဲ့ဝင်များ |
မဲခေါင်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ ဆောမြို့နယ်မှ လောင်းရှည်မြို့သို့ ထွက်ခွာလာသည့် စစ်ကား ၁၆ စီးပါ စစ်ကောင်စီယာဉ်တန်းအား PDF - SAW ဖေဖော်ဝါရီ ၁၆ တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နှစ်ပွင့်နှင့်ဒုဗိုလ်အပါအဝင် ၆ ယောက် သေဆုံးကြောင်း ဆော PDF က ထုတ်ပြန်သည်။
သေဆုံးခဲ့သည့် စစ်ကောင်စီ ၆ ယောက်အား ယနေ့ ( ဖေဖော်ဝါရီ ၁၇) လောင်းရှည်မြို့တွင် သဂြိုလ်ခဲ့ပြီး ရဟတ်ယာဉ်ဖြင့် လာရောက်အမိန့်ပြန်တမ်းထုတ်သွားကြောင်း သိရသည်။
ယင်းစစ်ကောင်စီကား ၁၆ စီးပါ ယာဉ်တန်းသည် ကျောက်ထုမြို့မှ အမြောက်တပ်မှ ဆောမြို့သို့ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး PDF က ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုများကြောင့် ဖေဖော်ဝါရီ ၁၄ တွင် ဆောမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဆောမြို့မှ လောင်းရှည်မြို့ဘက်သို့ ယမန်နေ့ ( ဖေဖော်ဝါရီ ၁၆) တွင် ထွက်ခွာလာပြီးနောက် PDF - SAW က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီကား ၁၆ စီးတွင် အင်အား ၃၀၀ ခန့်ပါကြောင်း ဆော PDF က ခန့်မှန်းထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment