တန့်ဆည် - ဖေဖော်ဝါရီ ၉၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ယနေ့နံနက် ၄ နာရီခွဲခန့်တွင် တန့်ဆည် PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကံထူးမရဲစခန်းကို တစ်နာရီခန့်ကြာအောင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို အတိအကျမသိရှိသေးဘူးဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကံထူးမရဲစခန်းကို ၅ နာရီခွဲထိဝင်ပစ်တယ်။ လက်နက်မျိုးစုံနဲ့ပစ်ပါတယ်ဗျ။ ကျွန်တော်တို့ တန့်ဆည် PDF ကတော့ အကျအရှုံးမရှိပါဘူး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်ဗျ။ ကံထူးမရဲစခန်းအခြေအနေကတော့ အထိအခိုက်တော့ရှိမှာပါ။ ဒါပေမယ့် အတိအကျတော့ မသိရှိရသေးပါဘူး။” ဟုပြောသည်။
ကံထူးမရဲစခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ရှိသည့် စခန်းဖြစ်ကြောင်း သိရသည်။
ယနေ့နံနက်က ရဲစခန်းပစ်ခတ်ခံရပြီးနောက် ရဲစခန်းအနီးတွင် နေထိုင်သည့် ပြည်သူအချို့သည် ကားများ၊ ဆိုင်ကယ်များဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး တန့်ဆည်မြို့နယ် ပုတီးကျေးရွာတွင်လည်း ဇန်နဝါရီ ၁၅ ရက်နေ့က ဝင်ရောက်တပ်စွဲပြီး ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသည်။
The 74 Media
No comments:
Post a Comment