မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီနှင့် ပျူ​​စောထီးများလိုက်ပါလာ​သော ယမ်းစက်​လှေငါးစီးကို တိုက်ခိုက်ရာ​ သေဆုံးထိခိုက်မှုများဟု မင်းကင်းPDF​ခေါင်း​ဆောင်​ပြော


စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင်းသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ယမ်းစက်လှေငါးစီးခန့် အပါအဝင် စစ်ကောင်စီ နှင့် ပျူစောထီးအများအ ပြား သေဆုံးထိ့ခိုက်ပျက်စီးကြောင်း  မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ ပြောသည်။

"မင်းကင်း ဘင်ကျွန်းရွာ ရဲ့ တစ်ဖက်ကမ်း ဘက် ကျောက်လှေခါးရွာဘက်မှာ စစ်ခွေးတွေရဲ့ လက်နက် ခဲယမ်းရိက္ခာတင်ထားတဲ့ ထောက်ပို့ရေယာဥ်ငါးစီးမိုင်းမိတာပေါ့"ဟု ၎င်းက ဆက်​ပြောသည်။

သို့သော် ယနေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားနှင့်  ပျူစောထီး များ သေဆုံးသည့်အရေအတွက် ကိုမူ မခန့်မှန်းနိုင်သေးဟု ဗိုလ်သံလုံးက​ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်စစ်ကောင်စီရေယာဥ်များသည် စစ်ကောင်စီတပ်သားနှင့်ပျူစောထီးစုစု​ပေါင်း အင်အား ၂၀၀ ခန့်လိုက်ပါလျက် ဇန်နဝါရီ ၃၁ ရက်ကစ၍ မင်းကင်းမြို့နယ်တွင်သို့ စတင်ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့နေသည့် အဖွဲ့ဖြစ်သည်။

ဇန်နဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ရက်တွင် မင်းကင်းမြို့နယ်၌အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများကမီးရှို့ဖျက်ဆီးသွားသော အိမ်ခြေ ​ပေါင်း  ၂၀၀ ခန့်ရှိပြီး ဘင်ရွာတစ်ရွာတည်းတွင် အိမ်ခြေ ၁၅၀ကျော်ခန့် မီးရှို့ခံခဲ့ရသည်။

အလားတူ အနောက်တောကျေးရွာသုံးအိမ်၊အုန္နဲဘုတ်ကျေးရွာ ​လေးအိမ်နှင့် တဲတန်းကျေးရွာ ၂၇ အိမ် မီးလောင် ခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ဒေသခံ ရွာသူရွာသား ၃၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြောင်းလည်း သိရသည်။


People's Spring 

မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီနှင့် ပျူ​​စောထီးများလိုက်ပါလာ​သော ယမ်းစက်​လှေငါးစီးကို တိုက်ခိုက်ရာ​ သေဆုံးထိခိုက်မှုများဟု မင်းကင်းPDF​ခေါင်း​ဆောင်​ပြော မင်းကင်းမြို့နယ်တွင် စစ်​ကောင်စီနှင့် ပျူ​​စောထီးများလိုက်ပါလာ​သော ယမ်းစက်​လှေငါးစီးကို တိုက်ခိုက်ရာ​ သေဆုံးထိခိုက်မှုများဟု မင်းကင်းPDF​ခေါင်း​ဆောင်​ပြော Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.