နောင်မွန်းမြိုနယ်ရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ကောင်စီ လက်ပါးစေ ၂ ဦးကို စောင့်ကြည့်မည်ဟု ပူတာအိုPDF ကြေညာ

ဓာတ်ပုံ - Google Earth မှ မြင်ရသည့် နောင်မွန်းမြို့


ကချင်၊ ဖေဖော်ဝါရီ ၂ 

ကချင်ပြည်နယ် နောင်မွန်းမြိုနယ်ရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှ နမ်ရဲမင် နှင့် ချန်တန်ခင်ကို အချိန် (၃) ရက်ပေးကာ စောင့်ကြည့်မည်ဟု ပူတာအိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ယနေ့ကြေညာသည်။ 

နမ်ရဲမင်နှင့် ချန်တန်ခင် အနေဖြင့် CDM ပြုလုပ်သည့် ၀န်ထမ်းများကို ဖမ်းဆီးခြင်းနှင့် ပြည်သူများ စိတ်ဒုက္ခ ရောက်စေမည့် လုပ်ရပ်များလုပ်ဆောင်ခြင်းကို (၃) ရက်အတွင်း ရပ်တန့်ရန် ယင်းတပ်ဖွဲက သတိပေးခဲ့ခြင်းဖြစ်သည်။ 

နောင်မွန်းမြိုနယ်အတွင်း CDM ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရသည့် ၀န်ထမ်းအရေအတွက်ကို သိရှိနိုင်ရန် လူငယ့်ခေတ်အနေဖြင့် ပူတာအိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲထံ ဆက်သွယ်မေးမြန်းခဲ့သော်လည် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ 

ထို့ပြင် နောင်မွန်းမြိုနယ်အတွင်း၌ စစ်‌ကောင်စီတပ်နှင့် ပြည်သူ့စစ်များ အထိုင်ချသည့် မဂွေဇဂိတ်အနေဖြင့် သတိထားနေထိုင်ရန်လည်း ယင်းတပ်ဖွဲက ကြေညာခဲ့သည်။ 

ပူတာအိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် KIA ပူးပေါင်းတပ်သည် နောင်မွန်းမြိုသို့ လာရောက်နေပြီဖြစ်ကြောင်းနှင့် သတိပေးချက်များကို လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲ ဆိုးကျိုးများရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

ပူတာအိုမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲသည် KIA နှင့် ပူးပေါင်းကာ အင်အားကောင်းမွန်လာခဲ့ပြီးနောက် မင်းအောင်လှိုင်၏ ဒေသတွင်းခရီးစဉ်ကို ဖျက်ဆီးနိုင်သည့် အဆင့်ထိရှိလာခဲ့သည်။ 

၎င်းပူးပေါင်းအဖွဲသည် ပူတာအိုခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်စခန်းအများအပြားကို ဇန်နဝါရီလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 


Lu Nge Khit

နောင်မွန်းမြိုနယ်ရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ကောင်စီ လက်ပါးစေ ၂ ဦးကို စောင့်ကြည့်မည်ဟု ပူတာအိုPDF ကြေညာ နောင်မွန်းမြိုနယ်ရှိ မြိုနယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ကောင်စီ လက်ပါးစေ ၂ ဦးကို စောင့်ကြည့်မည်ဟု ပူတာအိုPDF ကြေညာ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.