ဟင်္သာတ၊ ဖေဖော်ဝါရီ ၈ ရက်
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီမှာ တာဝန်ထမ်းဆောင် နေတဲ့ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော်ရဲ့ မိသားစုနေအိမ်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ရွှေစေတီလမ်းမှာ လေ ၂၉၂၅ ဗိုလ်မှူး ဇော်မင်းထင်ကျော်ရဲ့ မိသားစုဝင်တွေနေထိုင်တဲ့အိမ်ကို မနက် ၅ နာရီ ၁၀ မိနစ်မှာ ဟင်္သာတ အမျိုးသမီး PDF တပ်ဖွဲ့က ဗုံးခွဲသတိပေးခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
“ ဗုံးပေါက်တာ အသံတော်တော်ကျယ်တာ ဒါပေမယ့် အိမ်တော့ ဘာမှဖြစ်မသွားဘူး သတိပေးတဲ့အနေနဲ့ လုပ်တာလို့ ကြားတယ် လူလည်းထိတာမရှိဘူး”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ဆက်သွယ်ပြောဆို ပါတယ်။
လေတပ်ဗိုလ်မှူးနေအိမ်ကို သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ရှေ့ဆက် ကိုယ်တိုင်သော်လည်ကောင်း တပည့်တွေကိုခိုင်းစေပြီး အပြစ်မဲ့ပြည်သူတွေကို လေကြောင်းနဲ့တိုက်ခိုက်နေရင် ပြင်းထန်စွာတုန့်ပြန်သွားဖို့ အသင့်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဟင်္သာမြို့ပေါ် ရွှေစေတီလမ်းကို ပြောင်းပြီးလာနေတဲ့ လေတပ်ဗိုလ်မှူးရဲ့ မိသားစုတွေဟာ အရင်က ဆိပ်သာ တိုက်နယ် သဲရို အရှေ့ကျေးရွာမှာနေထိုင်သူတွေဖြစ်ပြီး လေတပ်စာရင်းအရ ခုလိုဖောက်ခွဲတိုက်ခိုက် သတိပေး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment