ရွှေဘို၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၂။
စစ်ကောင်စီအင်အား ၅၀ နီးပါးတပ်စွဲထားတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက တပ်စခန်းကို ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကနေ့လည် ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ People Defence Force – Shwebo ဆီက သိရပါတယ်။
“ နေ့ခင်း ၂ နာရီနဲ့ ၃နာရီကြားမှာ တိုက်ခိုက်ခဲ့တာပါ။ တဦးသေဆုံးမှုရှိတယ်၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်းရှိတယ်၊ အတိအကျတော့ မသိရသေးဘူး။ “ လို့ People Defence Force – Shwebo တာဝန်ခံကပြောပါတယ်။
အဲ့ဒီတပ်သားတွေဟာ ဆိပ်ခွန်ရွာကို တပ်စွဲတဲ့နေ့ကစလို့ နေ့တိုင်းနီးပါးသေနတ်ပစ်ဖောက်တာတွေလုပ်နေပြီး၊ လက်ရှိအချိန်ထိလည်း တပ်စွဲထားတုန်းဖြစ်တယ်လို့ People Defence Force – Shwebo တာဝန်ခံက ဆက်ပြောပါတယ်။
“ ရွာကိုစဝင်တဲ့ ညကလည်း နေအိမ်တလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်၊ ကျေးရွာအတွင်းနေအိမ်တွေနဲ့ ကုန်ပစ္စည်းဆိုင်တွေက ပစ္စည်းတွေလည်း ခိုးယူဖောက်ထွင်းယူတယ်၊ သေနတ်ပစ်ဖောက်တာကတော့ နေ့တိုင်းပါပဲ၊ “ လို့ သူကပြောပါတယ်။
Snake Eyes – PDF ၊ C & T ( Shwebo )၊ People Defence Force – Shwebo တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း ရွေဘိုမြို့နယ်၊ သီးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ PDF – Shwebo ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment