ဂန့်ဂေါ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။
ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရမ်းရွာတွင် ကင်းစောင့်နေသော စစ်ကောင်စီနှင့်ပျူစောထီးများရှိရာဂိတ်တဲသို့ PDF မိတ်ဖက်အဖွဲ့များမှ လက်လုပ်လက်နက်ကြီးဖြစ်သော ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာ ပျူစောထီး ၁၀ ဦးသေဆုံးကြောင်း People's Defence Force-Gangaw Battalion တာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က ၆၀ မမ ဖြင့် ၆ လုံးပစ်ခတ်ခဲ့ရာ သေဆုံးသူများအပြင် ဒဏ်ရာရရှိသူများပြားကြောင်းသိရပါတယ်။
"သူတို့ဘက်က ၁၀ ယောက်ကျတယ်လို့သိရတယ်ဗျ၊ ဒဏ်ရာရတဲ့လူတွေလည်းရှိတယ်လို့သိထားရပါတယ်ခင်ဗျအဲဒီပျူစောထီးတွေကျတာလို့သိရပါတယ်၊ တိုက်ပွဲကသေးသေးလေးတွေကတော့ခဏ ခဏတော့ဖြစ်နေတာပါပဲ၊မြောက်ခရမ်းရွာကိုပျူစောထီးတွေကဝင်စီးလိုက်၊ ကျနော်တို့ကပြန်လုလိုက်အဲဒီပုံစံမျိုးဖြစ်နေတာဗျ" People's Defence Force-Gangaw Battalion တာဝန်ခံက ပြောပါတယ်။
ယင်းဂိတ်တဲတိုက်ခိုက်မှုကို PDF - ဂန့်ဂေါ တပ်ရင်း ၂ တပ်ခွဲ ၂ မှ ဗိုလ်ဗျတ္တ ဦးဆောင်သော အဖွဲ့နှင့် မိတ်ဖက်ကာကွယ်ရေးအဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment