ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်အား PDF ၅ ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်

ဖေဖော်ဝါရီ ၄ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်အား ယနေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က PDF ၅ ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းမူ PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ မြင်းများသယ်ဆောင်လာသော အစီးတစ်ရာပါ ယာဉ်တန်းမှ အစီးသုံးဆယ်မှာ ချောင်းဦးအရောက်တွင် ရှေ့ပြေးခွဲထွက်လာစဥ် ထီးဆောင်းနှင့် မူးဝရွာထောင်ဇရပ် ကြားတွင်ဘမိုင်း ၂ လုံးခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ တိုက်ခိုက်မခံရမီ စစ်ကောင်စီတပ်သားများက မြန်မာနိုင်ငံထုတ် မိုင်းရှင်း တုတ်ချောင်းများဖြင့် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ကြသေးကြောင်း မြင်းမူPDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစစ်ဆင်ရေးအား People Defence Force Myinmu-MMUPDF မှဦးဆောင်၍ Black Eagle Dfence Force MMU I မြင်းမူလျှပ်စီးပြောက်ကြားတပ်ဖွဲ့၊ Myin Mu Defence Force၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM စသည့်မဟာမိတ်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိသူမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြင်းမူ PDF က ရေးသားထုတ်ပြန်ထားသည်။


Ayeyarwaddy Times 

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်အား PDF ၅ ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်း သေဆုံး ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်အား PDF ၅ ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁၅ ဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.