ပြည်သူသုံးဦးဒဏ်ရာရသော မြစ်ကြီးနားမြို့ပေါ် ဗုံးပေါက်ကွဲမှု စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများပြော
ပြည်သူသုံးဦး ဒဏ်ရာရရှိခဲ့သော မြစ်ကြီးနားမြို့ ယနေ့ညဦးပိုင်းက ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ကပြုလုပ်ပြီး ဒေသခံ PDFက ပြုဘုပ်သည့်ပုံစံဖြင့် ပြည်သူများအထင်မှားအောင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၄)ညနေ ၇ နာရီခန့်က မြစ်ကြီးနားမြို့ တပ်ကုန်းစံပြလမ်း ဒူကထောင်လမ်းဆုံအနီးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရာရှိခဲ့သည်။ဒဏ်ရာရသူများတွင် ဆွတ်အောင်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးအပြင် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"ပေါက်ကွဲမှုမဖြစ်ခင်ကတည်းက စစ်ကားတွေ ကြိုရောက်နေပြီ"ဟု မြစ်ကြီးနားဒေသခံတစ်ဦးကပြောသည်။
အခြားဒေသခံတစ်ဦးကလည်း အလုံပိတ်စစ်ကားတစ်စီးမှာ ဗုံးမကွဲခင်ကတည်းက ဗုံးကွဲသောနေရာနှင့် မလှမ်းမကမ်းရှိနေရာတစ်ခုတွင် ကြိုတင်ရောက်နေကြောင်းပြောသည်။
"ဒီကောင်တွေက ကြိုတင် Plan ချထားတာ။ဗုံးကွဲမယ့်နေရာမနီးမဝေးမှာ ဒီကောင်တွေကြိုရောက်နေတာ။ဗုံးကမကွဲသေးဘူး ။ဇာတ်တိုက်ထားကြတာ။ကျွန်တော့မျက်စီနဲ့ တပ်အပ်မြင်တာ" ဟု စစ်ကောင်စီတပ်သားများကို ဗုံးကွဲသောနေရာနှင့်မလှမ်းမကမ်းတွင် မြင်တွေ့ခဲ့သောဒေသခံတစ်ဦးကလည်းပြောသည်။ ကြိုရောက်နေသောစစ်ကားမှာအလုံပိတ်ဖြစ်ပြီး ကားပေါ်တွင် စစ်သားမည်မျှပါသည်ကို အလုံပိတ်ဖြစ်၍မမြင်ရကြောင်း၎င်းက ဆက်ပြောသည်။
ထို့အပြင် ဗုံးကွဲပြီးနောက် ဗုံးပေါက်ကွဲသောရုပ်သံဖိုင်ကို ဖေ့စ်ဘွတ်ခ်လူကွန်ရက်ပေါ်တွင် Myitkyina Special PDF-Force ဆိုသော စာမျက်နှာမှာ ည ၉ နာရီကျော်ကတည်းက ပထမဆုံး တင်ထားကာPDF အဖွဲ့က လုပ်သယောင်ပြုလုပ်ထားသည်။ အဆိုပါ ပေ့ချ်သည် ဇန်နဝါရီ ၂၆ ရက်မှ စတင်ပြုလုပ်ထားပြီး PDF အယောင်ဆောင်ထားသော စစ်ကောင်စီတပ်၏ပေ့ချ်ဖြစ်ကြောင်းဒေသခံများက ပြောသည်။ ယခုဗုံးကွဲသောပိုစ်အောက်တွင် ပြည်သူအချို့က ဗုံးခွဲမှုမှာစစ်ကောင်စီကျူးလွန်ပြီး ပေချ်မှာလည်းအတူဖြစ်နိုင်ကြောင်းမှတ်ချက်ပြု ပြောကြားနေကြသည်။
ထို့အပြင် ကချင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကြီးကြပ်မှုအောက်တွင်ထားရှိပြီး မြို့များပေါ်တွင် လှုပ်ရှားမှုမပြုရန် ညွန်ကြားထား ကြောင်းသိရသည်ဟု ကချင် ဒေသခံတစ်ဦးက ပြောသည်။ ကချင်ပြည်နယ်တွင် စစ်ဆင်ရေးပြုလုပ်တိုင်တွင်လည်း PDF သီးသန့်လှုပ်ရှားခြင်းမရှိဘဲ KIAနှင့်ပူးတွဲ စစ်ရေးပြုလုပ်ကြသည်။ အထက်ပါ PDF ပေ့ချ်အတုတွင် KIA မကောင်းကြောင်းလည်း တစ်ကြိမ်ပို့စ်တင်ထားသည်ကိုတွေ့ရသည်။
ထို့အပြင် ကချင်ပြည်နယ်တွင် Myitkyina Special PDF Force အမည်ဖြင့် PDF အဖွဲ့မရှိပေ။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းကလည်း မြစ်ကြီးနားမြို့ စီပူတာရပ်ကွက် မနောကွင်းအဝိုင်းပတ်အနီး စစ်ကောင်စီတပ်များ ရမ်းကားပစ်ခတ်၍ (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သေးသည်။
People's Spring
No comments:
Post a Comment