နှစ်​ခြောက်လုံး​နေ့တွင် တပ်မ(၆၆)မှ တပ်ကြပ်တစ်ဦးကို ​ပေါင်တည် PDF ပစ်သတ်


နှစ်ခြောက်လုံး​အမှတ်တရအဖြစ် စစ်ကောင်စီတပ်မှ တပ်မ(၆၆)ဆက်သွယ်ရေးဌာနမှ တပ်ကြပ်ဇော်မိုးကို ကျည်နှစ်တောင့်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDFက ယနေ့ထုတ်ပြန်သည်။ 

ယနေ့ (ဖေဖော်ဝါရီ ၂၂) ညနေ ၅နာရီခွဲခန့်တွင် ဝက်ပုတ်မြို့အလွန် သစ်ချိုဘုန်ကြီးကျောင်းအနီးတွင် ပေါင်းတည်မြို့မှ ပြန်လာသည့် အရပ်ဝတ်ဖြင့်လာသော တပ်ကြပ်​ဇော်မိုးအား ​ပေါင်တည် PDFက ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု​ ဖော်ပြထားသည်။ 

ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF တပ်ဖွဲ့ကို ၂၀၂၁ ဧပြီ ၁၅ ရက်မှစတင်တွင်ဖွဲ့စည်းထားကြောင်း PPDFက ၂၀၂၁ ဇွန်လတွင် ထုတ်ပြန်ထားသည်။

တပ်မ(၆၆)သည် ကရင်နီ​ဒေသတွင် အင်အားအများအပြားဖြင့်ထိုးစစ်ဆင်​နေ​​သော တပ်ဖွဲ့ဖြစ်ပြီး ကရင်နီတိုက်ပွဲများ၌လည်း စစ်​ကောင်စီတပ် ​သေဆုံး၊ဒဏ်ရာရမှုများပြား​နေသည်။


People's Spring 

နှစ်​ခြောက်လုံး​နေ့တွင် တပ်မ(၆၆)မှ တပ်ကြပ်တစ်ဦးကို ​ပေါင်တည် PDF ပစ်သတ် နှစ်​ခြောက်လုံး​နေ့တွင် တပ်မ(၆၆)မှ တပ်ကြပ်တစ်ဦးကို ​ပေါင်တည် PDF ပစ်သတ် Reviewed by THITHTOOLWIN on 05:29 Rating: 5

No comments:

Powered by Blogger.