သက္ကလမြို့ ရဲစခန်း ယနေ့ည ဗုံးခွဲတိုက်ခိုက်ခံရ၊ ခရမ်း-PDF လည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့(ရုပ်/သံ)


(ဖေဖော်၀ါရီ ၂၃)

ယနေ့ည ၇နာရီကျော်တွင် က၀မြို့နယ် သက္ကလမြို့ရဲစခန်း ဗုံးအကြီးစားနှစ်လုံး ဖောက်ခွဲတိုက်ခိုက်ကြောင်း သိရပါသည်။ ထိုဗုံးပေါက်ကွဲပြီးနောက် သေနတ်ဖြင့် ဆယ်ချက်ကျော် ပြန်လည်ပစ်ခတ်သံများ ကြားနေရပြီး သက္ကလတစ်မြို့လုံးလည်း မီးပျက်နေကြောင်း သိရပါသည်။

ထိုဗုံးဖောက်ခွဲတိုက်ခိုက်မှုတွင် မြို့ခံ PDF ဖြစ်သော Kawa People´s Defence Force - KPDF အပြင် ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) မှလည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ပေးခဲ့ကြောင်း သိရပါသည်။ ခရမ်း-PDF က မဟာမိတ်တပ်ဖွဲ့အချင်းချင်းဖြစ်တာကြောင့် ပူးပေါင်းတိုက်ခိုက်ပေးခဲ့ခြင်းဖြစ်ကြောင်း ခရမ်း-PDF တာ၀န်ရှိသူတစ်ဦးထံမှ သိရပါသည်။

`သက္ကလက ရဲစခန်းကို ဒီနေ့ည ၇ နာရီကျော်လောက်က ကျနော်တို့ PDF(Khayan) နဲ့ KPDF တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်၊ ကျနော်တို့က မဟာမိတ်အနေနဲ့ သွားကစားပေးတာပါ´ ဟု ၎င်းက ပြောသည်။ ထို့ပြင် `ကျနော်တို့ ကဝ ခရမ်း သုံးခွ ကျောက်တန်း သန်လျင် က မဟာမိတ်တပ်ပေါင်းစု Fire Dragon´ ဟု သူက ဆက်ပြောခဲ့ပါသည်။

ထိုပေါက်ကွဲမှုဖြစ်စဥ်ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။


Khayan Channel

သက္ကလမြို့ ရဲစခန်း ယနေ့ည ဗုံးခွဲတိုက်ခိုက်ခံရ၊ ခရမ်း-PDF လည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့(ရုပ်/သံ) သက္ကလမြို့ ရဲစခန်း ယနေ့ည ဗုံးခွဲတိုက်ခိုက်ခံရ၊ ခရမ်း-PDF လည်း ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့(ရုပ်/သံ) Reviewed by THITHTOOLWIN on 22:49 Rating: 5

No comments:

Powered by Blogger.