ဒီမော့ဆို၊ ဖေဖော်ဝါရီ (၂၂)
အကြမ်းဖက်စစ်ကောင်စီတပ်၏ နေပြည်တော် အမှတ် (၄၅) ကင်းထောက်လေယာဉ်စခန်းမှ လုပ်သက်(၁၇) နှစ်ကျော် လုပ်ကိုင်ခဲ့သည့် ဗိုလ်ကြီးဇေသူအောင်သည် မိသားစုနှင့်အတူ ပြည်သူ့ထံအလင်းဝင်လာသည်ဟု ဒီးမော့ဆို -PDF က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ လေတပ်အရာရှိသည် DSA အပတ်စဉ် (၅၀) လေ-၃၄-- ဗိုလ်ကြီးဇေသူအောင်သည် ပြင်ဦးလွင်၌ သင်တန်းတက်ရောက်ရန်ထွက်ခွာလာပြီးနောက် ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့တွင် ဒီးမော့ဆို PDF ထံ မိသားစုနှင့်အတူ CDM လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားပြုလုပ်နေမှုများကို လက်မခံနိုင်၍ ပြည်သူဘက်တော်သားအဖြစ်ရပ်တည်ရန် အရဲစွန့်လာရောက်သည့် ဗိုလ်ကြီးဇေသူအောင်နှင့်မိသားစုကို ကောင်းမွန်စွာလက်ခံပြီး လုံခြုံသည့်နေရာသို့ စီစဉ်ပို့ဆောင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူရပ်တည်ပြီး CDM ပြုလုပ်သည် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်ပေါင်း(၁၀၀၀၀) ကျော်ထိရှိနေပြီ ဖြစ်သည်။
Lu Nge Khit
No comments:
Post a Comment