ကျောက်ထု၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၂။
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တွေ ကံကြီးရွာ နဲ့ ချောင်းခွရွာ ကြား မှာ PDF တွေထောင်ထားတဲ့မိုင်းတွေကို နင်းမိခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေဟာ PDFတွေထောင်ထားတဲ့ မိုင်းကွင်းအတွင်းကို ဝင်ရောက်မိပြီး ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉ ရက်အတွင်း မိုင်း ၈ လုံးနင်းမိခဲ့တာကြောင့် စစ်ကောင်စီဘက်ကသေဆုံးသူတွေများနိုင်တယ်လို့ Kyaukhtu Regional People Defence Force တာဝန်ခံက ပြောပါတယ်။
“ ၈ ရက်နေ့ကမိုင်းထောင်ခဲ့တာများတယ်ဗျ၊ အလုံးရေက မနက်ပိုင်းမှာ မိုင်း ၂ လုံးမိပြီး ညနေပိုင်းမှာ မိုင်း ၅ လုံးမိတယ်ကြတယ်၊ ၉ ရက်နေ့ကြ မိုင်း ၁ လုံးထပ်မိကြတယ်၊ ၂ ရက်အတွင်း မိုင်း ၁၀ လုံးကျွေးခဲ့ရာမှာ ၈ လုံးပေါက်ကွဲပါတယ်၊သေဆုံးမှုကိုတော့အတည်ပြုလို့မရသေးဘူး၊ “ လို့ ပြောပါတယ်။
ယောဒေသ၊ ကျောက်ထုနယ်ဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားရာ ဒေသတခုလည်းဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment