ယင်းမာပင်ဆရာစံPDFနဲ့ ပူးပေါင်းအဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီ ၃၀ နီးပါးသေ


ယင်းမာပင်၊ဖေဖေါ်ဝါရီ၁၆၊၂၀၂၂။

စစ်ကိုင်းတိုင်းပုလဲနယ်ဘက်တက်လာတဲ့စစ်ကောင်စီတွေကို ပုပ္ပါရွာနဲ့ တမာပင်ခွရွာကြားက ဆည်မြောင်းလက်တံအမှတ်၅အနီးမှာ ဖေဖေါ်ဝါရီ၁၆ရက်ဒီနေ့နေ့လယ်က ပူးပေါင်းတိုက်ခိုက်ကြလို့ စစ်ကောင်စီ၃၀လောက်သေပြီးအများအပြားဒဏ်ရာရခဲ့တယ်လို့ ယင်းမာပင်ဆရာစံPDFဆီကသိရပါတယ်။

မိုင်တဲလ်တာဝါတိုင်ကရရှိတဲ့အစိတ်အပိုင်းတွေနဲ့ပြုလုပ်ထားတဲ့Mytel mmနဲ့ပါပစ်ခတ်ခဲ့ပြီးအပြန်အလှန်ပစ်ကြတာ လို့သိရပါတယ်။

 "မဟာမိတ်အဖွဲ့ကပူးပေါင်းတိုက်ခဲ့တာပါ စစ်ခွေးတွေ ၃၀လောက်ကျပြီး အများအပြားဒဏ်ရာရပါတယ်  ကျနော်တို့အဖွဲ့ကစစ်ခွေး ၁၅ယောက်ကိုအသေပစ်သတ်နိုင်ခဲ့ပါတယ်၊ အားရပါးရတိုက်ခိုက်နိုင်ခဲ့ပါတယ်၁နာရီ၄၅မိနစ်ကနေ ၃နာရီခွဲထိကြာတယ်  စစ်ခွေးတွေကို ပေ၁၀၀ ဝန်းကျင်လောက်ကနေ အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ် ခွေးတွေအသေများတော့ရဟတ်ယာဥ်နဲ့ လာကူတယ် ၁နာရီ၄၅မိနစ်ကနေ ၃နာရီခွဲထိကြာတယ် ရဟတ်ယာဥ်နဲ့ပါလာပစ်တာကိုလည်းကောင်း​ကောင်းမွန်မွန်ရှောင်တိမ်းနိုင်ခဲ့ပါတယ်"လို့ ဆရာစံPDFအဖွဲ့ကပြောပါတယ်။

အခုလိုတိုက်ခိုက်နိုင်ဖို့နဲ့ ရွာနာမှာစိုးတဲ့အတွက် ရွာထဲမှာမတိုက်ပဲ၂ရက်ဆက်တိုက်စောင့်ပြီးမှ တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆရာစံPDFအဖွဲ့ဟာ တိုက်ခိုက်မူတွေအပြင် ယင်းမာပင်မြို့နယ်ထဲမှာ စစ်ကောင်စီကားကိုမိုင်းဆွဲတိုက်ခိုက်စဥ်က ပျက်စီးသွားတဲ့လည်ငေါက်-ယင်းမာပင်လမ်းပိုင်းကိုလည်းပြီးခဲ့တဲ့ဇန်နဝါရီ၁၆ရက်နေ့က ပြန်လည်ပြုပြင်ခဲ့​သေးတယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

ယင်းမာပင်ဆရာစံPDFနဲ့ ပူးပေါင်းအဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီ ၃၀ နီးပါးသေ ယင်းမာပင်ဆရာစံPDFနဲ့ ပူးပေါင်းအဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်လို့ စစ်ကောင်စီ ၃၀ နီးပါးသေ Reviewed by THITHTOOLWIN on 00:15 Rating: 5

No comments:

Powered by Blogger.