မြင်းမူ၊ ဂုံညင်းဆိပ်ရဲစခန်းကိုဒေသ PDF အဖွဲ့က ဝင်ရောက်စီးနှင်းစဥ် ရဲများထွက်ပြေး


ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၂ နာရီဝန်းကျင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ ဂုံညင်းဆိပ်ရဲစခန်းအား မြင်းမူပြည်သူ့ကာကွယ်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရန်အတွက် ဝင်ရောက်စီးနှင်းနေချိန်တွင် စခန်းရှိရဲတပ်ဖွဲ့ဝင်များ လက်နက်ဖြင့်ထွက်ပြေးသွား‌ကြောင်း မြင်းမူ PDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။

''စခန်းကသိမ်းနိုင်ခဲ့တယ်ဗျ အပြန်အလှန် ပစ်ခတ်ခဲ့တာမျိုးတော့မရှိဘူး ကျနော်တို့ဝင်လာတာနဲ့ သူတို့ရှောင်သွားတယ်ဆိုကတည်းက ကျနော်တို့စခန်းကိုသိမ်းနိုင်ခဲ့ပါတယ်။ လက်နက်တွေတော့သိမ်းဆည်းရမိခဲ့တာမရှိဘူး ကွန်ပျူတာနဲ့ အခြားအသုံး အဆောင်ပစ္စည်းတွေတော့သိမ်းဆည်းရမိတယ်'' မြင်းမူ pdf တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဂုံညင်းဆိပ်ရဲစခန်းတွင်ရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့်ရှိကြောင်းသိရပြီး PDFများဝင်ရောက်စီးနင်းချိန်အားလုံးထွက်ပြေးသွားကြောင်းသိရသည်။

အလားတူ ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်တွင်လည်း မြင်းမူမြို့ Black Eagle Defence Force-MMU အဖွဲ့မှ ဦးဆောင်ပြီး People's Defence Force Myinmu-MMU PDF၊    မြင်းမူလျှပ်စီး ပျောက်ကျားအဖွဲ့၊ MyinMu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM  အစသည့် မဟာမိတ်(၅)ဖွဲ့တို့သည် မြင်းမူမြို့မှ  မုံရွာဘက်သို့  ကျန်းမာရေးကား(၂)စီး အသုံးပြုကာ ဆင်းလာသည့် စစ်ကောင်စီတပ်အား မြင်းမူမြို့နယ်၊  ဂွေးပင်တောကျေးရွာနှင့် ရေပိုးစားအကြားတွင် မိုင်းခွဲခဲ့သည့်အတွက် ကားတစ်စီးမှာ လုံးဝပျက်စီးသွားပြီး စစ်သား သေဆုံးမှုများပြားနိုင်ကြောင်း မြင်းမူ  PDF က သတင်း ထုတ်ပြန် ထား သည်။

ထို့ပြင် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင်လည်း မြင်းမူနယ်၊ ပဒ္ဒတ္ထိုင်းကျေးရွာအနီးကို  စစ်ရဟတ်ယာဥ်နှစ်စီးဖြင့် ရဟတ်ယာဉ်နှစ်စီး၊ Mi 35 တစ်စီး ရောက်ရှိလာပြီး ဗုံး(၆)လုံးကြဲကာ စက်သေနတ်ဖြင့်လေယာဥ်ပေါ်မှ ပစ်ခြင်းများပြုလုပ်သွားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မြို့နယ်အချို့ရှိ ကျေးရွာများတွင် နေ့စဉ်ဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိနေမြဲဖြစ်သည်။

Kachin News Group 

မြင်းမူ၊ ဂုံညင်းဆိပ်ရဲစခန်းကိုဒေသ PDF အဖွဲ့က ဝင်ရောက်စီးနှင်းစဥ် ရဲများထွက်ပြေး မြင်းမူ၊ ဂုံညင်းဆိပ်ရဲစခန်းကိုဒေသ PDF အဖွဲ့က ဝင်ရောက်စီးနှင်းစဥ် ရဲများထွက်ပြေး Reviewed by THITHTOOLWIN on 17:33 Rating: 5

No comments:

Powered by Blogger.