ယင်းမာပင်၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။
ယင်းမာပင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကထွက်လာတဲ့ စစ်ကောင်စီအင်အား ၅၀ ကို ဒေသခံကာကွယ်ရေးတပ်တွေက ဆုတောင်းကုန်းအဆင်းမှာ အရင်ဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တာကြောင့် PDF ရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုတာဝန်ခံက ပြောပါတယ်။
“ ထိပ်တိုက်ရင်ဆိုင်ဖို့အဆင်မပြေတာနဲ့ ကောင်လေးတွေက လျှပ်တပြတ်မိုင်းလေးငါးလုံးဆွဲလိုက်တယ် ၊နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ အဲဒီနေ့ကတော့ စစ်ကောင်စီဘက်က သေဆုံးမှုအတိအကျမရပါဘူး၊ နောက်နေ့ကျမှ သူတို့ဘက်ကသေဆုံးမှုကိုသိရတာပါ၊ သူတို့ဘက်က ၈ ကောင်သေပြီး မုံရွာကလာပြီးပူးပေါင်းတဲ့အဖွဲ့ ကျနော်တို့ဘက်က PDFတယောက် ကျသွားပါတယ်၊” လို့ သူကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစု မုံရွာခရိုင် တပ်ရင်း ၂ (Chindwin Attack Force)၊ မုံရွာခရိုင် တပ်ရင်း-၃၊ တပ်ရင်း-၄နဲ့ ယင်းမာပင်ခရိုင် PDF တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီတပ်တွေအနေနဲ့ အခုရက်ပိုင်း ယင်းမာပင်မြို့နယ်ထဲက ကျေးးရွာတွေကိုမီးရှို့ဖျက်ဆီးတာတွေအပြင် အဲ့ဒီဒေသအတွင်းက အမျိုးသမီးအချို့ကိုလည်း အဓ္ဓမပြုကျင့်တာတွေ လုပ်တာနေတယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment