ဓာတ်ပုံ - ပကဖ (ရေဦး) (စကစ အသုံးပြုခဲ့သော ကျည်ခွံများ) |
ဖေဖော်ဝါရီ(၁၅)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဘိုရုံကျေးရွာအနီးမှာ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒလန်အပါ စကစ (၇) ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းထွက်လာတဲ့ စကစ (၆၀) ၀န်းကျင်နဲ့ ဒေသခံ ပကဖ၊ PDF၊ LDF ပူးပေါင်း အဖွဲ့တို့ မိနစ် (၃၀) ၀န်းကျင်အကြာ အနီးကပ်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်က လိုက်ပါခဲ့တဲ့ အင်တော ဒလန် လွှမ်းအောင် အပါအဝင် စကစ (၇) ယောက် သေဆုံးပြီး အလောင်းတွေကို ချက်ချင်းလာမကောက်ကြတဲ့အတွက် အတည်ပြုနိုင်ခဲ့တာလို့ သိရပါတယ်။
ဒေသခံပူးပေါင်းအဖွဲ့ထဲက ရဲဘော် (၂) ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ပကဖ (ရေဦး) က ထုတ်ပြန်ထားပါတယ်။
မျက်မှောက်ခေတ်
ရေဦးနယ်တိုက်ပွဲမှာ ဒလန်အပါ စကစ (၇) ယောက်သေ၊ PDF ( ၂) ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
02:44
Rating:
No comments:
Post a Comment