စဉ့်ကူးမြို့နယ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံး
ဓာတ်ပုံ- စဉ့်ကူး PDF |
စဉ့်ကူး၊ ဖေဖော်ဝါရီ ၁၄
စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်းမပေါ်ရှိ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို စဥ့်ကူး PDF က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပင်လယ်ကြီးစစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် ၄ နာရီခန့်၌ ဝင်ရောက်ပစ်ခဲ့ခြင်းဖြစ်ပြီး ဒုရဲအုပ်မိုးဝင်းနှင့် တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
"မနက် ၄ နာရီလောက်က ပစ်ခတ်သံတွေ ကြားနေရတယ်။ နည်းနည်းကြာမှ တစ်ဖက်က ပြန်ပစ်သံကြားရတာ။ အချိန်ကတော်တော်လေးကြာတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။
" ပြည်သူ့ကာကွယ်ရေးတပ် (စဉ့်ကူး) ၏ မိုးကြိုးစစ်ဆင်ရေး အောင်မြင်စွာပြီးဆုံးပါပြီ။ ရဲဘော်တွေလည်း လုံခြုံသောနေရာများသို့ ရောက်ရှိသွားပါပြီ။ ချစ်သူများနေ့မှာ ကျွေးတဲ့ ချောကလက်တောင့်လေးတွေ တော်တော် စားကောင်းကြပါရဲ့လားခင်ဗျာ"ဟု ထုတ်ပြန်ထားသည်။
မန္တလေး-မိုးကုတ်လမ်းပေါ်တွင် စစ်ကောင်စီတပ်များ မကြာခဏတိုက်ခိုက်ခံနေရပြီး စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦးသေဆုံးထားသည်။
Lu Nge Khit
No comments:
Post a Comment