မြင်းမူမြို့တိုးဂိတ်ကို ဖောက်ခွဲခဲ့တာဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီကို လက်တုံ့ပြန်တာဖြစ်တယ်လို့ PDF တွေပြော


မြင်းမူ၊ ဖေဖော်ဝါရီ ၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မြင်းမူးမြို့မှာ ဒီနေ့မနက်အစောပိုင်း မြို့အဝင်တိုးဂိတ်ကို PDF ၅ ဖွဲ့ပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ် အနိုင်ကျင့်နေတာတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီရဲ့ထောက်တိုင် တိုးဂိတ်ကို ဖောက်ခွဲခဲ့တာလို့ PDF ‌အဖွဲ့တွေက ပြောပါတယ်။

"ရဟက်ယာဉ် ၅ စီးသုံးပြီးဝင်စီးတာ၊ အပစ်မဲ့ ပြည်သူ ၂၀ လောက်ကို ရွာလယ်လမ်းပေါ်မှာတင် ပစ်သတ်တာ၊ ခုလိုလုပ်ရပ်မျိုးက ကျနော်တို့အတွက် လုံးဝလက်မခံနိုင်စရာလုပ်ရပ်ပါ၊ အဲ့လုပ်ရပ်ကို လက်တုံ့ပြန်တဲ့ အနေနဲ့ရော တိုက်ခိုက်ခဲ့တာ" လို့ မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ − MMUPDF ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခင်သောင်းက ပြောပါတယ်။

Black Eagle Defence Force (MMU) ကတာဝန်ရှိသူကတော့ စစ်ကောင်စီက ကျေးရွာတရွာကို လေကြောင်းပစ်ကူသုံးပြီး၊ ဝင်ရောက်အကြမ်းဖက်တပ်ဆွဲထားခြင်းနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း လုပ်ရပ်တွေကို တုံ့ပြန်တာဖြစ်တဲ့အပြင် အာဏာသိမ်းတနှစ်ပြည့်မှာ ပြည်သူတွေရဲ့အောင်မြင်တဲ့ အသံတိတ် သပိတ်ကို ဂုဏ်ပြုတာလည်းဖြစ်တယ်လို့ ပြောပါတယ်။

အဲ့ဒီတန်ပိုတိုးဂိတ်ဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေပြီး တဖက်တလမ်းကနေ စစ်ကောင်စီကို ဝင်ငွေရှာပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

“စစ်ကောင်စီအတွက် ငွေဝင်နေတဲ့ လမ်းကြောင်းတခုဖြစ်လို့ မိုင်း ၆ လုံးနဲ့ ခွဲတာ၊ ၃ လုံးပဲကွဲလို့ ဒီကောင်တွေကံကောင်းသွားတာ၊ လူတွေထိခိုက်သေဆုံးတာတော့ မရှိဘူး။“ လို့ MMUPDF ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခင်သောင်းက ပြောပါတယ်။

အဲဒီ့တိုက်ခိုက်မူကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MMUPDF) မြင်းမူလျှပ်စီးပျောက်ကြားအဖွဲ့၊ Black Eagle Defence Force၊ Myinmu Defence Force-MMDF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မြင်းမူမြို့တိုးဂိတ်ကို ဖောက်ခွဲခဲ့တာဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီကို လက်တုံ့ပြန်တာဖြစ်တယ်လို့ PDF တွေပြော မြင်းမူမြို့တိုးဂိတ်ကို ဖောက်ခွဲခဲ့တာဟာ အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီကို လက်တုံ့ပြန်တာဖြစ်တယ်လို့ PDF တွေပြော Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.