ပခုက္ကူရှိ အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်လို့ ၂ ဦးသေဆုံး


ပခုက္ကူ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့မလမ်းပေါ်ရှိ အင်းဝဘဏ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၄ ရက် ဒီနေ့ည ၇ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Pakokku People Defence Force – PPDF  ရဲ့ တာဝန်ခံက ပြောပါတယ်။ 

သေနတ်နဲ့ ၁၁ ချက်လောက်ပစ်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူ ၃ ဦးလည်း ရှိခဲ့တယ်လို့  ပခုက္ကူ PDF တာဝန်ခံက ပြောပါတယ်။ 

"အင်းဝဘဏ်ရှေ့မှာ ခြေကုတ်ယူ ကင်းချထားတဲ့နေရာကို ပစ်ခတ်ခဲ့တာပါ။ ပခုက္ကူမြို့၊ မြို့မလမ်းပေါ်က မြ၀တီဘဏ်ရှေ့မှာတိုက်ခိုက်ခဲ့တာပေါ‌နော်။ ကင်းမှာ ၁၀ယောက်လောက် နဲ့  ဘဏ်ထဲမှာနဲ့ ဆိုရင် အမြဲလိုလို ၂၀ လောက်ရှိတတ်ပါတယ်၊" လို့ သူကပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို PPDF ရဲ့ မြို့ပြတိုက်ခိုက်ရေးအဖွဲ့  Defense Team Pakokku အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း သေနတ်နဲ့ အချက် ၅၀ လောက်ပစ်ခတ်တာတွေရှိခဲ့သလို တိုက်ခိုက်ပြီးတဲ့အချိန်မှာပဲ စစ်ကောင်စီဘက်က နောက်ထပ် စစ်ကူအနေနဲ့ စစ်ကားတွေထွက်လာတယ်လို့  ပခုက္ကူ PDF တာဝန်ခံက ပြောပါတယ်။ 

PPDF အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ည ၈ နာရီကလည်း ပခုက္ကူမြို့ရှိ တပ်မ ( ၁၀၁ ) ဝန်းအတွင်းကို ရှော့ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ပခုက္ကူရှိ အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်လို့ ၂ ဦးသေဆုံး ပခုက္ကူရှိ အင်းဝဘဏ်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို PDF တိုက်ခိုက်လို့  ၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 21:57 Rating: 5

No comments:

Powered by Blogger.