မိုးဗြဲတိုက်ပွဲအတွင်း ရှေ့တန်းကယ်ဆယ်ရေးဆရာဝန်တစ်ဦး နှင့် PDF ၇ ဦး ကျဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ - Loikaw PDF

ဖေဖော်ဝါရီ ၁၈ ရက်

ဖေဖော်ဝါရီလ (၁၇) ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ၇ ဦး ကျဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သော စစ်ကောင်စီတပ်များက နေ့လည် (၁)နာရီဝန်းကျင်တွင် သံချပ်ကာအမြှောက်ကား(၂)စီး၊ တပ်အင်အား ၁၀၀ ဝန်းကျင် စစ်ကူခေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သား (၂၀)ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေ ၅နာရီ ဝန်းကျင်၌ လေယာဉ်(၂) စီးဖြင့် (၇) ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်များလည်း ထိခိုက်၊ ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့သော လက်နက်ကြီးများကြောင့် ပြည်သူ့ အိုးအိမ် ပျက်စီးမှုများနှင့် မီးလောင်မှုများ ရှိခဲ့သည့်အပြင် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များကို ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူရဲဘော်များတွင် မိုးဗြဲ PDF မှ ရဲဘော် (၇)ဦး ကျဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့ကာ ရှေ့တန်းစစ်မြေပြင် ကယ်ဆယ်ရေး ဆရာဝန်တစ်ဦး ကျဆုံးခဲ့ပြီး မိုးဗြဲ PDF ကယ်ဆယ်ရေးကား(၁) စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။


Ayeyarwaddy Times

မိုးဗြဲတိုက်ပွဲအတွင်း ရှေ့တန်းကယ်ဆယ်ရေးဆရာဝန်တစ်ဦး နှင့် PDF ၇ ဦး ကျဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ မိုးဗြဲတိုက်ပွဲအတွင်း ရှေ့တန်းကယ်ဆယ်ရေးဆရာဝန်တစ်ဦး နှင့် PDF ၇ ဦး ကျဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:44 Rating: 5

No comments:

Powered by Blogger.