ယင်းမာပင်၊ ဖေဖော်ဝါရီ (၁၁)
ယနေ့ ဖေဖော်ဝါရီလ (၁၁) ရက်မှစ၍ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့တွင်းနှင့် အောင်ဇေယျကွက်သစ်ရှိ ပြည်သူများ စစ်ဘေးရှောင်ကြရန် ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ညနေပိုင်းတွင် အသိပေးထုတ်ပြန်သည်။
အဆုံးသက်တိုက်ပွဲ ဆင်နွှဲမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မြို့တွင်း၌ အိပ်စက်ခြင်းမပြုရန်လည်း သတိပေးထားသည်။
ပြည်သူများအနေဖြင့် မိမိအသက်အန္တရာယ်ကို ပထမဦးစားပေးသင့်ပြီး ဥစ္စာကို ဒုတိယဦးစားပေးသင့်ကြောင်းနှင့် ဥစ္စာမက်မော၍ စစ်ဘေးမရှောင်ပါက အသက်အန္တရာယ်ရှိနိုင်သည်ဟု ဆိုသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ဘေးမရှောင်ခဲ့ပါက ကြုံတွေ့လာမည့် အသက်အန္တရာယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက တာဝန်ယူမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူငယ့်ခေတ်အနေဖြင့် ဒေသခံများအခြေအနေနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ယခုသတင်းရေးသားနေချိန်အထိ ဆက်သွယ်၍ မရသေးပေ။
ယင်းမာပင် မြို့နယ်သည် လက်ရှိအချိန်၌ သပိတ်အင်အားအကောင်းဆုံး မြို့နယ်များအနက်မှ တစ်ခုဖြစ်ပြီး ကျေးရွာများ၌ နေစဉ်နီးပါး ဆန္ဒထုတ်ဖော်မှုများ ရှိနေသည်။
Lu Nge Khit
No comments:
Post a Comment