ကျောက်ထု၊ ဖေဖော်ဝါရီ၁၅၊ ၂၀၂၂။
ကျောက်ထု- ပခုက္ကူလမ်းပိုင်းကို ဖြတ်လာတဲ့ စစ်ကောင်စီကား ၁၁၆စီးပါးယာဉ်တန်းကို ဖေဖော်ဝါရီလ ၁၀ရက် ညနေ ၃နာရီဝန်းကျင်မှာ ကျောက်ထု PDF က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပါပစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရပြီးချိန်မှာ ဘေးပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်နေချိန် နောက်ထပ် ၆၀မမ လက်လုပ် လက်နက်ကြီးနဲ့ ပစ်ခဲ့တယ်လို့ ကျောက်ထု PDF က တာဝန်ခံက ပြောပါတယ်။
"သူတို့ဘက်က ကျတာကိုတော့ အရေအတွက်အတိအကျမသိရဘူး၊ ဒါပေမယ့် သူတို့ဘက်က နာရေးကားတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ၃ခေါက် ၄ခေါက် ပြန်လိုက်သွားလိုက် ပြည်သူတွေလည်းမြင်ရတယ်လို့ သိရပါတယ်" လို့ ပြောပါတယ်။
အဲ့ဒီစစ်ကောင်စီယာဉ်တန်းဟာ မင်းတပ်က ဆင်းလာပြီး ပခုက္ကူဘက်ကိုသွားတဲ့ ကားတွေဖြစ်ပြီးလက်နက်ကြီးနဲ့ ၆ချက်ပစ်ခတ်ချိန်မှာ ချက်ချင်းရပ်တန့်သွားပြီး သိမ်မကြာခင်မှာ အရှိန်းပြင်းပြင်းနဲ့ မောင်းထွက်သွားကြတယ်လို သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ဖေဖော်ဝါရီ ၁၀နဲ့ ၁၁ရက်တွေမှာ နှစ်ရက်ဆက်တိုက် နေရာမတူပဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment